Trending Now

ရွှေကူ မြို့နယ် စည်ပင်သာယာ မြို့မဈေး စတင်ဖွင့်လှစ်ရောင်းချခွင့်ပြု

Spread the love

ရွှေကူ မြို့နယ် စည်ပင်သာယာ မြို့မဈေး စတင်ဖွင့်လှစ်ရောင်းချခွင့်ပြု

 

EPN
ရွှေကူ၊ မေ ၃၀

ကိုဗစ်၁၉ ထိန်းချုပ်ကာလအတွင်း ရွှေကူ မြို့မ စည်ပင်သာယာဈေးကို သင်္ကြန်မတိုင်မီ က စတင်၍ ပိတ်သိမ်းခဲ့ရာမှ ယခုအခါမြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက်ဖြ င့် မြို့မဈေးကြီးကို မေ ၃၀ ရက်ယ နေ့မှ စတင်၍ ဖွင့်လှစ် ရောင်းချခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

လတ်တလော သား၊ ငါး၊ ကုန်စိမ်းများ ကိုမြို့မဈေးကြီးအတွင်း၌ ရောင်းချခွင့်မပြုသေးဘဲ လက်ရှိရောင်းချနေသည့် ဘော့လုံးကွင်း၌သာ ဆက်လက်ရောင်းချစေမှာဖြစ်ကြောင်း သိရသည်။

“သားငါးကုန်စိမ်းတွေကို မူလ ဘောလုံးကွင်းမှာပဲ ရက်အနည်းငယ်အတွင်း ဆက်လက်ထားရှိပေးသွားပါမယ်၊ မကြာမီ မြို့မ ဈေးထဲသို့ ထည့်သွင်း ရောင်းချနိုင်ဖို့လည်း စီစဉ်သွားပါမယ်”ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဥက္ကဌ က ပြောသည်။

ဈေးဖွင့်ချိန်မှာ နံနက် ၅ နာရီမှ မွန်းတည့် ၁၂ နာရီထိဖြစ် ကြောင်း သိရသည်။

ထို့အပြင် အမှတ် ၂ ဈေးအတွင်း၌ ဈေးရောင်းချခွင့် မပြုသေးဘဲ ဆက်လက်ပိတ်ထားပြီး အမှတ် ၂ ဈေး အပြင်ဘက်ခြမ်း ဆိုင်ခန်းများကိုသာ ဖွင့်လှစ်ခွင့်ပြုသွားမည် ဖြစ်ကြောင်းနှင့် ရောင်းသူ ဝယ်သူများက စည်းကမ်းတကျ လိုက်နာဖို့ အထူး မေတ္တာရပ်ခံ အပ်ပါကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဥက္ကဌက ပြောသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။