Trending Now

မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်ရှိ နေအိမ်ဂရန်ပိုင်ဆိုင်မှု လျှောက်ထားရာ ဌာနဆိုင်ရာမှ လွှဲမှားစွာ ပြုလုပ်ပေးခြင်းကို စိစစ်ဆောင်ရွက်ပေးရန် ဝန်ကြီးချုပ်ထံတင်ပြ

Spread the love

မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်ရှိ နေအိမ်ဂရန်ပိုင်ဆိုင်မှု လျှောက်ထားရာ ဌာနဆိုင်ရာမှ လွှဲမှားစွာ ပြုလုပ်ပေးခြင်းကို စိစစ်ဆောင်ရွက်ပေးရန် ဝန်ကြီးချုပ်ထံတင်ပြ

EPN
မြစ်ကြီးနား၊ မေ ၂၃

မြစ်ကြီးနားမြို့ ယုဇနရပ်ကွက် အိမ်အမှတ် (၁၆က/၅) ဦးပိုင်အမှတ် (ဂ/က) သည် ဂရန်သက်တမ်း ကုန်ဆုံးသွားသည့်အတွက် ဂရန်လျှောက်ထားမှုကို မြစ်ကြီးနားခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၏ ဂရန်သက်တမ်းတိုးချမှတ်ပေးမှုတွင် မူလဂရန်မြေထက် မြေဧက လျှော့နည်းစွာ ဂရန်ချမှတ်ပေးခြင်းကို ကျေနပ်မှုမရှိသည့်အတွက် ပြန်လည် စိစစ်ဆောင်ရွက်ပေးရန် ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ မေလ ၅ ရက်နေ့က တင်ပြထားကြောင်း သိရသည်။

အဆိုပါ ဦးအောင်လီ ဂရန်အမည်ပေါက်မြေကို ဒေါ်ရွယ်ဂျီးက အပြီးအပိုင်ဝယ်ယူခဲ့ပြီး ဂရန်သက်တမ်း ကုန်ဆုံး၍ ဂရန်သက်တမ်းတိုးဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၏ ဂရန် အမှုတွဲအမှတ် ၄၅၀/v (၂၀၁၅-၂၀၁၆) အရ ဒေါ်ရွယ်ဂျီးအမည်ဖြင့် ရရှိခဲ့ကြောင်း၊ ယင်းရရှိခဲ့သည့် မြေဂရန်တွင် မူလမြေဧရိယာ ဝ.၂၇၈ ဧကမဟုတ်ဘဲ ဝ.၂၄၃ ဧကသာဖြစ်နေကြောင်း ယင်းတိုင်တန်း စာအရ သိရ သည်။

“ ဒီလိုနစ်နာဆုံးမှုတွေကို အစိုးရအနေနဲ့ မှန်မှန်ကန်ကန်နဲ့ ကူညီပေးစေချင်တယ်။ ကျမတို့ကိစ္စမှာ တောင် ဒီလိုကြန့်ကြာနေမယ်ဆိုရင် ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ဒေသခံတွေရဲ့ နစ်နာမှုတွေကို ဘယ်လိုဆောင်ရွက်ပေးမလဲ။ ဒီလို ကာယကံရှင် လက်မှတ်မပါဘဲနဲ့ အမှုတွဲတည်ဆောက်တာဟာ လုံးဝမမှန်ကန်ဘူး။ ပြီးတော့ ဒီကိစ္စကို ဖြေရှင်းပေးဖို့ သက်ဆိုင်ရာဝန်ကြီးတွေကိုလည်း စာတင်ပြထား တာကြာပြီ။ နှစ်နှစ်ကျော်တောင်ရှိနေပြီအခုချိန်ထိ မဆောင်ရွက်ပေးနိုင်တာက ဘာကြောင့်လဲလို့ မေးခွန်းထုတ်ချင်တယ်” ဟု မြေပိုင်ရှင် ဒေါ်ရွယ်ဂျီးက ပြောသည်။

အဆိုပါ မူလဝယ်ယူခဲ့သည့် ဦးအောင်လီလက်ထက်တွင် မြေဧရိယာ ဝ.၂၇၈ ဧကဖြစ်ပြီး ဒေါ်ရွယ်ဂျီး လက်ထက်ရောက်သည့်အခါ ဝ.၂၄၃ ဧကဖြစ်လာသည့်အတွက် ယင်းမြေဧရိယာ အမှုတွဲပြင်ဆင်သည် ကို ကာယကံရှင် ဒေါ်ရွယ်ဂျီးမသိရှိရဘဲ ၎င်း၏ လက်မှတ်အတုဖြင့် ဝ.၂၄၃ ဧကသို့ လုပ်ဆောင်သွား သည့် ပုဂ္ဂိုလ်ကို စိစစ်ဖေါ်ထုတ် အရေးယူပေးရန်နှင့် နစ်နာဆုံးရှုံးသွားသည့် မြေများကို ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးရန် ဝန်ကြီးချုပ်ထံ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နစ်နာဆုံးရှုံးသွားသည့် မြေကို ပြန်လည်ရရှိရေး ကူညီဆောင်ရွက်ပေးနိုင်ပါရန် မြစ်ကြီးနားမြို့ နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ၂.၁၀.၂၀၁၇ ရက်စွဲပါ စာဖြင့် လည်းကောင်း၊ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ လီဆူတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဝန်ကြီးချုပ်ထံသို့ ၆.၁၀.၂၀၁၈ ရက်စွဲပါ စာဖြင့် လည်းကောင်း အသီးသီးတင်ပြထားရှိသည့်အပြင် ဗမာနှင့် လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီးတို့မှ ယင်းကိစ္စအပေါ် စိစစ်တွေ့ရှိချက်များလည်း ဝန်ကြီးချုပ်ထံ တင်ပြထားရှိပြီး ဖြစ်သော်လည်း ယခုအချိန်အထိ အလေးထားဆောင်ရွက်ပေးခြင်း မရှိသေးသည့်အတွက် ယခုကဲ့သို့ ထပ်မံတင်ပြရခြင်းဖြစ်ကြောင်း မြေပိုင်ရှင် ဒေါ်ရွယ်ဂျီးက ရှင်းပြသည်။

အဆိုပါ မြေနေရာကို ၁၉၈၉ ခုနှစ်မှ ၁၉၉၀ အထိ ဦးဘင်ဘီလာရမ်နှင့် ဦးမော်တူးနော်တို့မှ လည်း ကောင်း၊ ၂၀၀၇မှ ၂၀၀၈ ခုနှစ်တွင် ဦးအောင်လီမှလည်းကောင်း ဦးပိုင်အမှတ် (ဂ/က) တို့ဖြင့် ပိုင်ဆိုင် ခဲ့ရစဉ်တွင် မြေဧရိယာ ဝ.၂၇၈ ဧကရှိခဲ့ပြီး ယခု ဒေါ်ရွယ်ဂျီး လက်ထက်တွင် မြေဧရိယာ ဝ.၂၄၃ ဧက သာဖြစ်ခဲ့ကြောင်း သိရသည်။

ရာဇာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။