Trending Now

ကန့်ဘလူမြို့နယ်တွင် မိုင်းပေါက်ကွဲမှုများကြောင့် အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

Spread the love

ကန့်ဘလူမြို့နယ်တွင် မိုင်းပေါက်ကွဲမှုများကြောင့် အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

EPN
ကန့်ဘလူ၊ ဇန်နဝါရီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်မယ်ဇာ‌ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအနီး ဇန်နဝါရီလ ၂၂ရက် နံနက်ပိုင်းက မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၂ ရက် နံနက်ပိုင်းအချိန်တွင် ကန့်ဘလူမြို့နယ်၊ မယ်ဇာတောကျေးရွာနေ ကိုဇော်လင်းထိုက် (၂၅) နှစ်သည် နေအိမ်မှ ကျေးရွာရှိ ဈေးသို့ ဈေးသွားဝယ်စဉ် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအနီး အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့သဖြင့် ခန္ဓာကိုယ်၌ မိုင်းစထိမှန်ဒဏ်ရာ ၆ ချက်ရရှိခဲ့၍ ရွှေဘိုမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေလျက်ရှိကြောင်း သိရသည်။

ထို့အတူ ကန့်ဘလူမြို့နယ်၊ ဇာဒီကျေးရွာနေ ဦးအောင်အောင် (၃၃) နှစ်သည် ဇန်နဝါရီလ ၂၂ ရက် နံနက် ၆ နာရီအချိန်တွင် ကျေးရွာအပြင်ရှိ ၎င်းပိုင် တောင်ယာသို့သွားစဉ် အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့သဖြင့် ဦးခေါင်းဝဲဘက်၌ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့၍ ရွှေဘိုမြို့နယ်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေရကြောင်း သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။