Trending Now

ဆီးရီးယား ရဟတ်ယာဉ်ပျက်ကျမှုအတွင်း အမေရိကန်စစ်မှုထမ်း ၂၂ ဦး ဒဏ်ရာရ

Spread the love

ဆီးရီးယား ရဟတ်ယာဉ်ပျက်ကျမှုအတွင်း အမေရိကန်စစ်မှုထမ်း ၂၂ ဦး ဒဏ်ရာရ

EPN
နိုင်ငံတကာ၊ ဇွန် ၁၄

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ တနင်္ဂနွေနေ့က ရဟတ်ယာဉ်တစ်စီးပျက်ကျခဲ့ပြီး စစ်မှုထမ်း ၂၂ ဦး ဒဏ်ရာရှိခဲ့တယ်လို့ အမေရိကန်စစ်တပ်က တနင်္လာနေ့နှောင်းပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ရဟတ်ယာဉ်ပျက်ကျရတဲ့အကြောင်းရင်းနဲ့ ဒဏ်ရရှိသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ အမေရိကန်စစ်တပ်က ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါဘူး။

အမေရိကန်တပ်တွေကို ကြီးကြပ်ကွပ်ကဲနေတဲ့ အရှေ့အလယ်ပိုင်း ဗဟိုဌာနချုပ်က ရန်သူပစ်ခတ်မှုမရှိကြောင်း ပြောကြားခဲ့ပေမယ့် အခင်းဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

လုံခြုံရေးသတင်းရင်းမြစ်နှစ်ရပ်အရ ဟာဆာခေ ပြည်နယ်ရှိ ရှာဒ်ဒီ မြို့အနီးမှာ အခင်းဖြစ်ပွားခဲ့တာလို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

အစ္စလာမ္မစ်နိုင်ငံတော် ISIS အကြွင်းအကျန်တွေကို တိုက်ထုတ်မယ့် မစ်ရှစ်တစ်စိတ်တစ်ပိုင်းအနေနဲ့ အမေရိကန်က ဆီးရီးယားမှာ တပ်ဖွဲ့ဝင် ၉၀၀ ခန့် ချထားခဲ့ပြီး အများစုဟာ အရှေ့ဘက်မှာ ရှိနေပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း အမေရိကန်တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံခဲ့ရပြီး ၂၅ ဦးဒဏ်ရာရရှိကာ အမေရိကန် ကန်ထရိုက်တာတစ်ဦး သေဆုံးခဲ့ပါတယ်။

Ref; reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။