Trending Now

ဟိုပင်မြို့တွင် စျေးသည်များအတွက် အရိပ်ရထီးများကို MyTel (Kachin) Branch မှ မြို့နယ်စည်ပင်သို့လှူဒါန်း

Spread the love

ဟိုပင်မြို့တွင် စျေးသည်များအတွက် အရိပ်ရထီးများကို MyTel (Kachin) Branch မှ မြို့နယ်စည်ပင်သို့လှူဒါန်း

EPN
ဟိုပင်၊ ဧပြီ ၂၅

COVID-19 ကူးစက်ရောဂါကြောင့် ပြည်သူ့အားကစားကွင်း၌ ပြောင်းရွေ့ဖွင့်ထားသည့် စျေးအတွင်းရှိ ကုန်စိမ်းသည်များ ကျန်းမာရေးအတွက် ဆက်သွယ်ရေးကုမ္မဏီတစ်ခုဖြစ်သည့် MyTel (Kachin) Branch ကအရိပ်ရထီး အလက် (၆၀)ကို ဟိုပင်စည်ပင်သာယာရေးအဖွဲ့သို့ ဧပြီလ (၂၄)ရက်နေ့ ညနေ (၅)နာရီခန့်က လာရောက်လှူဒါန်းခဲ့ကြောင်း မြို့စည်ပင်အဖွဲ့မှ သိရသည်။

“COVID-19 ကူးစက်ရောဂါမဖြစ်ပွားစေဖို့ ပြည်သူ့အားကစားကွင်းမှာ ပြောင်းရွေ့ဖွင့်လှစ်ထားတဲ့စျေးမှာရှိတဲ့ စျေးသည်တွေ ရာသီဥတုကြောင့် အဖျားအနာ မဖြစ်ရအောင်လို့ ရည်ရွယ်ပြီး လောလောဆယ် ကျွန်တော်တို့ဆီမှာရှိတဲ့ထီး အလက်(၆၀)ကို လာလှူတာပါ”ဟု MyTel (Kachin) Branch မိုးညှင်းအခြေစိုက် မန်နေဂျာ ကိုတေဇထွန်းက ပြောပြသည်။

အရိပ်ရထီးများကြောင့် စျေးလာရောင်းချသည့် စျေးသည်များမှာ ရာသီဥတုကြောင့်ဖြစ်သော ကျန်းမာရေးထိခိုက်မှုများမှ ကာကွယ်နိုင်မည်ဖြစ်ကာ လှူဒါန်းပေးမှုအပေါ်တွင်လည်း ကျေးဇူးအထူးတင်ကြောင်း အဆိုပါဈေးတွင် ရောင်းချနေကြသော စျေးသည်များက ဆိုသည်။

“လောလောဆယ် အားလုံးအတွက်တော့မလောက်သေးပါဘူး။ အခြားသူတွေလည်း ခုလိုလှူ ဒါန်းနိုင်ပါတယ်။ ဘယ်သူပဲလာလှူလှူ ကျွန်တော်က ကျေးဇူးတင်တယ်။ ဒီထီးတွေမပျောက်ပျက်အောင် စည်းကမ်းတကျထိန်းသိမ်းဖို့ ကျွန်တော်အပါအ၀င် ၀န်ထမ်းအားလုံးကိုမှာထားတယ်။ သဘာဝဘေးကြောင့် မတော်တဆ ပျက်စီးကျိုးပဲ့ခဲ့ရင်လည်း MyTel (Kachin) Branch က တက်နိုင်သလောက် ပြန်လည်ပြုပြင်ပေးမယ်လို့ ပြောလို့အထူးကျေးဇူးတင်တယ်။ ဒီထီးတွေကို အထူးဂရုစိုက်ကိုင်တွယ်အသုံးပြုလို့ ယာယီစျေးပြီးဆုံးချိန်မှာ သူတို့
လိုအပ်ရင်ပြန်လည်ပေးအပ်မှာပါ”ဟု ဟိုပင်မြို့စည်ပင်အဖွဲ့မှ ဦးစီးမှူး ဦးတင်ကိုကိုက ပြောသည်။

MyTel (Kachin) Branch မှ COVI-19 ကူးစက်ရောဂါကြောင့် ပြည်သူ့ကျန်းမာရေးအတွက် တစ်ဖက်တစ်လမ်းမှကူညီပေးခြင်းဖြစ်ကာ လုံလောက်အောင်ကူညီပေးချင်သော်လည်း သယ်ယူရေးအခက်အခဲများကြောင့် ရှိသလောက်ထီးများကို လိုအပ်သောနေရာ၌ ပထမအကြိမ်ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

သတင်း/ဓာတ်ပုံ – မိုးဟိန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။