Trending Now

မံစီမြို့နယ်အတွင်း ၅ လောင်းပြိုင်လူသတ်မှု ဖြစ်ပေါ်ကြောင်း လူမှုကွန်ရက်တွင် သတင်းများထွက်ပေါ်နေ

Spread the love

မံစီမြို့နယ်အတွင်း ၅ လောင်းပြိုင်လူသတ်မှု ဖြစ်ပေါ်ကြောင်း လူမှုကွန်ရက်တွင် သတင်းများထွက်ပေါ်နေ

 

EPN
ဗန်းမော်၊ ဇူလိုင် ၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မန်ဂျယ် ဒိန်စီအင်ဘပါလမ်း၊ ဂိုင်ဒေါ်ကျေးရွာအတွင် ဇူလိုင်လ ၂ ရက်နေ့ညက မိသားစုတစ်စု ဓါးဖြင့် ရက်စက်စွာ ခုတ်သတ်ခံခဲ့ရသည့် ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၅ ဦး သေဆုံးခဲ့ကြောင်း လူမှုကွန်ရက်တွင် သတင်းများ ထွက်ပေါ်ခဲ့သည်။

အသတ်ခံရသော မိသားစုဝင်များ၏ ဝိညာဉ်အတွက်နှင့် အမှုမှန်ပေါ်ပေါက်ပြီး တရားခံအမြန်ဆုံး ဖော်ထုတ်နိုင်ဖို့ ဝိုင်းဝန်းဆုတောင်းပေးကြပါရန် ဘာသာရေးဆရာများက ခရစ်တော်၏ နာမတော်၌ မေတ္တာရပ်ခံထားကြောင်း လူမှုကွန်ရက်ပေါ် သတင်းတွေ ထွက်ပေါ်နေခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ယနေ့၊ ဇူလိုင်၎င်း ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်က ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့သို့ ဆက်သွယ် မေးမြန်းခဲ့ရာ ” အခုချိန်အထိ လူသတ်မှု နဲ့ ပတ်သက်လို့ မံစီရဲစခန်းမှာ တိုင်ထားတာလဲ မရှိဘူး၊ အလောင်းတွေ လာပို့တာလည်း မရှိသေးဘူး ဟု ခရိုင်ရဲတပ်ဖွဲ့မှုးရုံးမှ တာဝန်ရှိရဲအရာရှိ တစ်ဦးက ပြောသည်။

အလားတူ ဗန်းမော်မြို့မှ သိက္ခာတော်ရ ဆရာတော် တစ်ဦးကလည်း “၅လောင်းပြိုင်လူသတ်မှု ဖြစ့်ပွါးတယ် လို့တော့ မနေ့ကထည်းက ကြားတယ်၊ မံစီမြို့နယ် မှာဖြစ်တယ် လို သိရတယ်၊ အခုချိန် အထိ ဘာမှ တိတိကျကျ မသိရသေးဘူး ဒိန်စီတိုက်နယ်ဆိုတာဟာ ဘာသာရေးဆရာတစ်ဦးက တိုက်နယ်တစ်ခု သတ်မှတ်ပေးထားတာပါ၊ ဘာသာရေး တိုက်နယ် ကို ပြောခြင်းဖြစ်ပါတယ်”ဟု ဆိုသည်။

လူမှုကွန်ရက်သတင်းများအရ အသတ်ခံရသော သူများမှာ ၁။ ဒေါ်ယမ်ထု အသက် (၇၀)၂။ ဦးယာကုလန်ဇိန်တန်ဂွန် (ဖခင်) ၃။ ဒေါ်မော်ရိန်းဆွမ်လွတ်ထုနန် (မိခင်) ၄။ မောင်လန်ဇိန်ဆန်လီနော် ၅။ မောင်လန်ဇိန် ဒွဲဆန်အောင်တို့ ဖြစ်ကြောင်း သိရသည်။

ယင်းအသတ်ခံရသည့် မိသားစုမှ သားကြီးဖြစ်သူ အသက်(၁၃) နှစ်အရွယ် လူငယ်တစ်ဦးမှာ ထွက်ပြေးနိုင်ခဲ့သည့်အတွက် အသက်ဘေးမှ လွတ်မြောက်ခဲ့ပြီး လက်ရှိအချိန်တွင် ထိတ်လန့်ကြောက်ရွံ့ စိတ်များကြောင့် ယခု လောလောဆယ်တွင် စကားမပြောနိုင်သေးကြောင်း သိရသည်။

အဆိုပါ အသတ်ခံရသည့် မိသားစုဝင်များ နေအိမ်သို့ ဒိန်စီတိုက်နယ်မှ တာဝန်ခံဘုန်းတော်ကြီး Rev. Fr Sunday Aung, ၊ ပန်ခတ်တိုက်နယ် တာဝန်ခံဘုန်းတော်ကြီး Rev. Fr Paul Lahpai Aung Dang. နှင့် ဓမ္မဆရာများက သွားရောက် ဆုတောင်း‌ပေးခဲ့ကြကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော်လည်း မံစီမြို့မရဲစခန်းတွင် တိုင်ချက်ဖွင့်ထားခြင်း မရှိကြောင်း စုံစမ်းသိရသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။