Trending Now

ဖားကန့် မြေပြိုဖြစ်စဉ်၌ ကချင်ပြည်နယ် လုံ/နယ် ဝန်ကြီးအပါအဝင် တပ်မှူး တစ်ဦးတို့ကို အရေးယူရန် တပ်မတော်စီစဉ်

Spread the love

ဖားကန့် မြေပြိုဖြစ်စဉ်၌ ကချင်ပြည်နယ် လုံ/နယ် ဝန်ကြီးအပါအဝင် တပ်မှူး တစ်ဦးတို့ကို အရေးယူရန် တပ်မတော်စီစဉ်

EPN
ရန်ကုန်၊ဇူလိုင်-၆

ကချင်ပြည်နယ်၊ ဖားကန့် မြို့နယ်၊ ဝှေခါ ကျေးရွာအနီး ကျောက်မျက်လုပ်ကွက်၌ မြေသားပြိုကျမှုဖြစ်စဉ်၌ ရေမဆေးကျောက်ရှာဖွေသူများ သူဆုံးခဲ့မှု ဖြစ်စဉ်အပေါ် အဓိက တာဝန်ရှိသည့် ကချင်ပြည်နယ် လုံ/နယ် ဝန်ကြီးအပါအဝင် တပ်မှူး တစ်ဦးတို့၏ တာဝန်များကို အစားထိုး၍ အရေးယူရန် တပ်မတော်စီစဉ်လျက်ရှိကြောင်း ယနေ့ဇူလိုင် ၆ ရက်နေ့မှာ ထုတ်ပြန်ထားသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ကျောက်ရှာဖွေသူ ၁၇၂ ဦး သေဆုံး၊ ၅၄ ဦး ဒဏ်ရာရရှိပြီး ပျောက်ဆုံး နေသူများကိုလည်း ဆက်လက်ရှာဖွေလျက်ရှိသည်။

ထို့အတူ ဖြစ်စဉ်၌ တာဝန်ရှိသည့် လုံခြုံရေးဆိုင်ရာ အဓိကတာဝန်ရှိသည့် တပ်မှူးတစ်ဦးအားလည်းကောင်း၊ ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီးအားလည်းကောင်း မူလစစ်ဘက်တာဝန်များအား ပြန်လည်ထမ်းဆောင်စေကာ လိုအပ်သည့် အရေးယူဆောင်ရွက်နိုင်ရေး တပ်မတော်မှ ဆောင်ရွက်လျက်ရှိပြီး လစ်လပ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနေရာအတွက် အစားထိုးခန့်အပ်နိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။

#EPN #ကချင်ပြည်နယ်အစိုးရအဖွဲ့ #ဖားကန့်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။