Trending Now

မက္ကဆီကိုမှာ ၁ ဒသမ ၆ တန်ကျော်ရှိတဲ့ ကိုကင်းတွေ ဖမ်းဆီးရမိ

Spread the love

မက္ကဆီကိုမှာ ၁ ဒသမ ၆ တန်ကျော်ရှိတဲ့ ကိုကင်းတွေ ဖမ်းဆီးရမိ

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၂၇

မက္ကဆီကို ရဲတပ်ဖွဲ့က အင်္ဂါနေ့ကပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း ၁.၆ တန်ကျော်ရှိတဲ့ ကိုကင်းတွေကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူလေးဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

ကိုလံဘီးယားကနေ သယ်ဆောင်လာတယ်လို့ ယူဆရတဲ့ ရာနဲ့ ချီတဲ့ ကိုကင်းထုတ်တွေကို မက္ကဆီကိုမြို့တော်ရဲ့ အပြင်ဘက်မှာရှိတဲ့ နောက်တွဲယာဉ်နှစ်စီးအတွင်းကနေ ဖမ်းဆီးရမိခဲ့တာပါ။

ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ ကိုကင်းတွေကို ကိုလံဘီယာကနေ မက္ကဆီကိုစီးတီးကို ပို့ဆောင်ခဲ့တာဖြစ်ပြီး တစ်စိတ်တစ်ပိုင်းကို အမေရိကန်ကို တင်ပို့သွားဖို့ရည်ရွယ်ထားတယ်လို့ မြို့တော်ရဲ့ ပြည့်သူလုံခြုံရေး အတွင်းရေးမှူး အိုမာ ဂါစီယာ ကပြောပါတယ်။

မက္ကဆီကိုစီးတီး အစွန်အဖျားမှာ ဖမ်းဆီးရမိခဲ့တဲ့ ကိုကင်း ၁.၆ တန်ဟာ မြို့တော်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တဲ့ အကြီးဆုံး မှုးယစ်ဆေးဝါး သယ်ဆောင်မှုတွေထဲက တစ်ခုဖြစ်ပြီး ရဲတပ်ဖွဲ့ကို မက္ကဆီကိုမြို့တော်ဝန်က ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။

Source – DW

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။