Trending Now

နန်းမားဒေသတွင် မိုးကြိုးစက်ကွင်းမိ၍ နွားနှစ်ကောင်သေဆုံး၊ လူနှစ်ဦး ထိခိုက်ဒဏ်ရာရ

Spread the love

နန်းမားဒေသတွင် မိုးကြိုးစက်ကွင်းမိ၍ နွားနှစ်ကောင်သေဆုံး၊ လူနှစ်ဦး ထိခိုက်ဒဏ်ရာရ

EPN
မိုးညှင်း၊ ဇွန် ၂၅

မိုးညှင်းမြို့နယ် နန်းမားဒေသတွင် ယမန်နေ့က မိုးကြိုးစက်ကွင်းမိ၍ ခိုင်းနွားအထီး (၂)ကောင် သေဆုံးခဲ့ရပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရရှိခဲ့ကြောင်း နန်းမားဒေသခံများထံမှ သိရသည်။


မိုးညှင်းမြို့နယ် နန်းမားဒေသ မြို့မရန်အောင် ရပ်ကွက် ဦးသိန်းဝင်းနှင့် သားအဖ သုံးဦးတို့ သည် ယမန်နေ့ ညနေ (၄)နာရီအချိန်ခန့်တွင် မိုးရွာသွန်းလာသဖြင့် ၄င်းတို့လယ်တောရှိ လယ်တဲတွင် တက်ရောက် အနားယူနေစဉ် လယ်တဲခေါင်မိုးအား မိုးကြိုးပစ်ခဲ့သဖြင့် ဦးသိန်းဝင်း၊ (၅၉) နှစ်၏ လက်မောင်းတွင် မိုးကြိုးစက်ကွင်းကြောင့် ညိုမဲ ဒဏ်ရာရရှိခဲ့ပြီး ၄င်း ၏ သားအကြီး မောင်ဝေဇင်အောင်၊ (၂၄)နှစ်မှာလည်း မိုးကြိုးစက်ကွင်းမိ၍ သတိလစ်သွားခဲ့သည်။

ထို့ကြောင့် သားအငယ် မောင်သန့်ဇင်အောင်မှ ရပ်ကွက်အတွင်းသို့ ပြန်လာခဲ့ပြီး သက်ဆိုင်ရာနှင့် ဆွေမျိုးများထံ လာရောက်အကြောင်းကြားခဲ့ကြသဖြင့် တာဝန်ရှိသူများက မိုးကြိုးစက်ကွင်းမိခဲ့သည့် ဦးသိန်းဝင်းနှင့် မောင်ဝေဇင်အောင်တို့အား နန်းမားတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။

အဆိုပါ မိုးကြိုးပစ်မှုကြောင့် မိုးကြိုး စက်ကွင်း မိပြီး ဦးသိန်းဝင်း၏ ခိုင်းနွား အထီး (၂) ကောင်မှ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ရကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။