Trending Now

ခင်ဦးမြို့နယ်က စစ်ဘေးရှောင် ၄၀၀၀ ကျော် အရေးပေါ် အကူအညီများ လိုအပ်နေ

Spread the love

ခင်ဦးမြို့နယ်က စစ်ဘေးရှောင် ၄၀၀၀ ကျော် အရေးပေါ် အကူအညီများ လိုအပ်နေ

EPN
ခင်ဦး၊ ဇန်နဝါရီ ၉ (၂၀၂၄)

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ် အနီးတစ်ဝိုက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများကကလေးငယ်များ အပါအဝင် ဒေသခံ ၄၀၀၀ ကျော် စစ်ဘေးရှာင်နေရပြီး၊ အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီနေသူများထံမှ သိရသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်က ခင်ဦးမြို့နယ်နှင့် အနီးတစ်ဝိုက်တွင် တပ်နှင့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များဖြစ်ကြောင်း ဒေသခံ စစ်ဘေးရှောင်အရေး ဆောင်ရွက်ပေးနေသူ တစ်ဦးကပြောသည်။

” လတ်တလောအနေနဲ့ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ ခြုံစောင်အနွေးထည် လိုအပ်နေတယ်။ ကလေးတွေ၊ နာမကျန်း ဖြစ်နေတဲ့သူတွေ၊ အသက်ကြီးသူတွေ မနည်းပါတယ်။ ဒီအတိုင်းဆိုမလွယ်ဘူး ” ဟု ၎င်းကပြောသည်။

အဆိုပါ စစ်ရှောင် ၄၀၀၀ ကျော်သည် ခင်ဦးမြို့နယ်ရှိ မြစ်တော်၊ ကံသာယာ၊ တဲစု၊ ဂွေးကုန်း၊ ကန်သစ်၊ မောက်ပက်၊ ဘအိုး၊ ငှက်ပျော စသည့်ကျေးရွာများက ဒေသခံများ အများဆုံး တိမ်းရှောင်နေရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အလင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။