Trending Now

ရေအားလျှပ်စစ်သည် ထုတ်လုပ်မှု ကုန်ကျစရိတ်အနည်းဆုံးဟု လူတိုင်းသိသည်

Spread the love

ရေအားလျှပ်စစ်သည် ထုတ်လုပ်မှု ကုန်ကျစရိတ်အနည်းဆုံးဟု လူတိုင်းသိသည် 

EPN
ဆောင်းပါး၊ သြဂုတ် ၁၅
(ဗိုလ်ကျရေးသည်)

ရေအားလျှပ်စစ်တည်ဆောက်ရေးသည် ယခုအချိန်မှ အသုံးပြု၍ကောင်းမှန်းသိပြီး လူများက စိတ်ဝင်တ စား အကောင်အထည်ဖေါ်နေကြသည်မဟုတ်ဘဲ ရှေးယခင်နှစ်ပေါင်းများစွာ ကတည်းက အသုံးပြုလာ ကြခြင်းဖြစ်သည်။ ယခင်ကတည်းက ရေအားလျှပ်စစ် တည်ဆောက်ခြင်း၏ ကောင်းကျိုးများကို သိရှိပြီး လူသားများက ရွေးချယ်အသုံးပြုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းများကို ၁၉၀၆ ခုနှစ် ကပင်စတင်ခဲ့ခြင်း ဖြစ်သည်။ R.E.T ဟု ခေါ်သော ( Rangoon Electric Tramway ) ကုမ္ပဏီ သည် ဓာတ်ရထား ပြေးဆွဲ ခြင်းကို ရန်ကုန်မြို့တွင် ၁၉၀၆ ခုနှစ် ဒီဇင်ဘာ လ ၁၅ ရက် စတင်ခဲ့ရာ တစ်ပါတည်းမှာပင် လျှပ်စစ် ဓာတ်အား ဖြန့် ဖြူးရေး လုပ်ငန်းကိုလည်း ဆောင်ရွက်ခဲ့သည်ဟု လေ့လာသိရှိရသည်။

လက်ရှိ အချိန်မှာ မြန်မာနိုင်ငံရေး လျှပ်စစ်ဓာတ်အား ၈၀ ရာခိုင်နှုန်းသည် ရေအားလျှပ်စစ်မှ ထုတ်ယူ အသုံးပြုနေသည်။ သို့သော် လိုအပ်သော ဓာတ်အားများစွာရှိနေသေးသည်။ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်သည် မဂ္ဂါဝပ် ၂၀၀၀၀ ကျော်ရှိ သော်လည်း အမှန်တကယ်ထုတ်လုပ်နိုင်သည့် ပမာဏသည် မဂ္ဂါဝပ် ၃၀၀၀ ကျော်သာ ထုတ်ယူနိုင်ဟုလည်း သိရသည်။

ကမ္ဘာ့နိုင်ငံအများဆုံးတွင် အသုံးပြုလျှက်ရှိသော လျှပ်စစ်ပါဝါသည် ရေအားလျှပ်စစ်မှ ရယူအသုံးပြုနေသည်ဖြစ်သည်ကိုလည်း လေ့လာတွေ့ရသည်။ ကမ္ဘာတွင် လျှပ်စစ်ထုတ်ယူမှု ကုန်ကျစရိတ်အနည်းဆုံးနှင့် အချိုသာဆုံးမှာ ရေအားမှ ရရှိသည့် ရေအားလျှပ်စစ်စက်ရုံများမှ ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ၇၀ ရာခိုင်နှုန်းကိုလည်း ရေအားလျှပ်စစ်မှ အသုံးပြုနေသည်ဟု သိရသည်။ အခြား ရေနံ၊ ကျောက်မီးသွေးနှင့် သဘာဝဓာတ်အားပေးစက်ရုံများသည် ထုတ်လုပ်မှု ကုန်ကျစရိတ်များသည်။

လျှပ်စစ်လိုအပ်ချက်ကြောင့် ကျောက်မီးသွေးကို အသုံးပြုပြီး ထုတ်လုပ်မည်ဆိုလျှင် ထုတ်လုပ်မှု ကုန်ကျစရိတ်များသည့်အပြင် ပြည်သူလူထုအတွက် ကျန်းမာရေးဆိုးကျိုးများကိုလည်း ခံ စားလာနိုင်ဖွယ်ရှိသည်။ ထို့အပြင် သဘာဝနေရောင်ခြည်မှ လျှပ်စစ်ထုတ်ယူမည်ဆိုလျှင် လိုအပ်သော လျှပ်စစ်စွမ်းအင် ပမာဏ ကိုရရှိမည်မဟုတ်ပေ။ နေစွမ်းအင်ဖြင့် ထုတ်လုပ်မည်ဆိုပါက နေရာကွင်းပြင်ကြီးကြီးမားမားလိုအပ်မည့် အပြင် ညဘက် စွမ်းအင်အား ကျဆင်းမည်။ မြေနေရာ အလွန်ကျယ်ပြန့်စွာ အသုံးပြုမည့်အတွက် ပတ်ဝန်းကျင် ထိခိုက်မည်။

ထို့အပြင် အခြားသော လျှပ်စစ်အားပေး စက်ရုံထုတ်လုပ်မည်ဆိုလျှင် ထုတ်လုပ်မှု ကုန်ကျစရိတ်သည် အင်မတန်မြှင့်မားသည်။ ပြည်တွင်း၌ ဖြန့်ဝေသည့် လျှပ်စစ်ဓာတ်အားသည် ဈေးနှုန်းချိုချိုသာသာနှင့် ဖြန့်ဝေနိုင်ရန် နိုင်ငံတကာတွင် ရေအားလျှပ်စစ်ကို အသုံးပြုနေကြသည်။ ယခုခေတ် တိုးတက်နေသော နိုင်ငံများကို လေ့လာ ကြည့်လျှင် ယင်းနိုင်ငံ၏ စွမ်းအင်ကို သဘာဝရေအားလျှပ်စစ်မှ ထုတ်ယူသုံးစွဲနေကြသည့်အတွက် နိုင်ငံ သူ၊ နိုင်ငံသားများအတွက် ဈေးနှုန်းသက်သာသည့်အပြင် ဓာတ်အား(frequency) ပြည့်မှီသည်။

လက်ရှိမှာ လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ်မှ ထုတ်ယူအသုံးပြုနေကြသလို ဆက်ပြီးမှလည်း ရေအား လျှပ်စစ်ဖြင့်သာ ထုတ်ယူရမည်။ ဘာဖြစ်လို့လဲဆိုတော့ ဘမ္ဘာမှာ ထုတ်လုပ်သည့် ကုန်ကျစရိတ် အနည်းဆုံးနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအနည်းဆုံး ဓာတ်အားထုတ်လုပ်မှုသည် ရေအားလျှပ်စစ် တည်ဆောက်ခြင်း ဖြစ်သည်။

ကမ္ဘာ့ ဖွံ့ဖြိုးပြီး နိုင်ငံများကို ကြည့်ရင် ယင်းနိုင်ငံများတွင် ရေအားလျှပ်စစ် လုံလုံလောက်လောက် တည် ဆောက်ပြီး လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိပြီးဖြစ်သည်။ ဤနေရာမှာ အနီးစပ်ဆုံး တရုတ်နိုင်ငံ တွင် ရေအားလျှပ်စစ်များကို မြစ်ချောင်းရှိသမျှ၌ တည်ဆောက်ထားသည်။ တရုတ်နိုင်ငံ၏ အရှည်ဆုံး မြစ်ဖြစ်သည့် မဲခေါင်မြစ်တွင် ရေအားလျှပ်စစ် ၁၀ ခုတည်ဆောက်ထားသည်။

ရေအားလျှပ်စစ် ထုတ်လုပ်မှုမှာ မြစ်ချောင်း၏ တိုက်ရိုက်ရေစီးကို ရယူ၍ ဓာတ်အားကို ထုတ်ယူခြင်းဖြစ် ရာ ထုတ်လုပ်မှုစက်ရုံအတွက် လိုအပ်သော ရေပမာဏကို စီးဝင်ရေမှ ပြည့်ပြည့်ဝဝရယူနိုင်ပြီး ဓာတ် အားထုတ်ယူမှုအတွက်လည်း ပြည့်ပြည့်ဝဝရရှိနိုင်သည်။

ယခုလို သဘာဝတရားက ပေးသော မြစ်ရေမှ ဓာတ်အားထုတ်ယူခြင်းဖြစ်သည့်အတွက် ထုတ်လုပ်မှု ကုန်ကျစရိတ်အသက်သာဆုံးဖြစ်သည်ကို လူတိုင်းနားလည်သည်။ ဘယ်နိုင်ငံမှာမဆို ရေအားလျှပ်စစ် တည်ဆောက်ရေးသည် ခေတ်မှီခြင်းနှင့် လူ သားများက သဘာဝ အရင်းအမြစ်များကို မှန်ကန်စွာ အသုံးချနိုင်သော လက္ခဏာအဖြစ် အများက သတ်မှတ်ထားကြသည်။

ဖွံ့ဖြိုးပြီးနိုင်ငံပဲဖြစ်ဖြစ်၊ ဖွံ့ဖြိုးနေဆဲ နိုင်ငံပဲဖြစ်ဖြစ် ယင်းနိုင်ငံအတွင်းရှိ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားပါက နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ရပ်တန့်သွားမည်ဖြစ်သည်။ လျှပ်စစ်ဓာတ်အားကို လုံလောက်စွာ ရရှိမှ နိုင်ငံ၏ GDP (ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု) လည်းမြှင့်တက်လာမည်ဖြစ်သည်ကိုလည်း ယခင်ဆောင်းပါးများတွင် အကြိမ်ကြိမ်ရေးသားဖော်ပြခဲ့ပြီးဖြစ်သည်။

ဖွံ့ဖြိုးပြီးနိုင်ငံများက သဘာဝကအလျှောက်ဖြစ်နေသော မြေ၊ရေ၊ မြစ်ချောင်း၊ ဆည်မြောင်းများကို စနစ် တကျ စီမံခန့် ခွဲခြင်းနှင့် အသုံးပြု ခြင်းအားဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြား ပဋိပက္ခဖြေရှင်းနိုင်ကြောင်း တွေ့ရသည်။ ဒီနေရာမှာ ရိုးရိုးလေးတွေးမိသော် နိုင်ငံသူ၊ နိုင်ငံသားများက လျှပ်စစ်မီးကို လုံလုံလောက်လောက်ရရှိပြီး၊ လျှပ်စစ်အသုံးပြုခလျှော့နည်းပြီး၊ ဓာတ်အားမီးပုံမှန်ဖြစ်သည့် လျှပ်စစ်မီးကို အသုံးပြုရန်လိုလားသည်။ ထိုသို့သော လျှပ်စစ်ဓာတ်အားကို လုံလောက်သော ပမာဏဖြင့် အချိန်ပြည့်အသုံးပြုနိုင်ရန် နိုင်ငံ့အစိုးရမှ ထုတ်လုပ်ပေးရမည်။

င်ငံတော်နေဖြင့်လည်း နိုင်ငံအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများစွာ လုပ်ဆောင်ပေး ရမည်ဖြစ်သည့်အတွက် ယင်းလျှပ်စစ်စက်ရုံများတည်ဆောက်ရန် ကုန်ကျစရိတ် သက်သာသည့် နည်းလမ်းကို ရွေးချယ်ကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရေအားလျှပ်စစ်များလုံလုံလောက်လောက်မရှိသေးသလို နိုင်ငံသုံး ဓာတ်အားမှာ လည်း မရှိသေးသည်ကို တွေ့ရသည်။

ထို့ကြောင့် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသူ၊ နိုင်ငံသားများ၊ သဘာဝပတ်ဝန်းကျင် သာယာလှပပြီး ထုတ်လုပ်မှုကုန်ကျစရိတ် အသက်သာဆုံးဖြစ်ပြီး ဓာတ်အားကို ရရှိနိုင်သည့် ရေအားလျှပ်စစ်တည်ဆောက်ရန် အရေးတကြီးလိုအပ်နေသည်မှာ မလွဲဧကန်ဖြစ်ပေသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။