Trending Now

ရွှေစက်ရပ်ကွက်တွင် အမျိုးသမီးတစ်ဦး ဆိုင်ကယ်ဖြင့် အပြင်သွားရာမှ ပျောက်ဆုံးနေ

Spread the love

ရွှေစက်ရပ်ကွက်တွင် အမျိုးသမီးတစ်ဦး ဆိုင်ကယ်ဖြင့် အပြင်သွားရာမှ ပျောက်ဆုံးနေ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၈ (၂၀၂၄)

မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်တွင် အမျိုးသမီးတစ်ဦး ဖေဖော်ဝါရီ ၂၇ ရက်နေ့က ဆိုင်ကယ်ဖြင့် အပြင်သွားရာမှ ပျောက်ဆုံးနေကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့်တွင် အပ်ချုပ်ဆိုင်သို့ အင်္ကျီသွားချုပ်ရန် မိမိနေအိမ်မှ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း ထွက်သွားခဲ့ရာ နေအိမ်သို့ ယနေ့အထိ ရောက်ရှိလာခြင်း မရှိပဲ ပျောက်ဆုံးနေကြောင်း မိသားစုဝင်တစ်ဦးထံမှ သိရသည်။

” မနေ့ည ၄ နာရီလောက်မှာ အပ်ချုပ်ဆိုင်သွားပြီး အင်္ကျီသွားချုပ်မယ်။ ဝတ်စရာမရှိဘူးဆိုပြီး သူတစ်ယောက်ထဲ ဆိုင်ကယ်နဲ့သွားလိုက်တာ။ အပ်ချုပ်ဆိုင်ကနေတော့ အိမ်ကိုပြန်လာနေပြီဆိုပြီး ဖုန်းတစ်ခါဆက်လာတယ်။ ည‌‌အထိ ပြန်လာမလာဆိုပြီး စောင့်နေလည်းမလာဘူး။ အခုထိ အဆက်အသွယ် မရသေးဘူး ” ဟု ၎င်းကဆိုသည်။

ယင်းပျောက်ဆုံးနေသည့် အမျိုးသမီးမှာ အသက် (၂၅)နှစ်အရွယ် ဆန်ဒမ်းခေါဆားရ်ဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် မင်္ဂလာဆောင်ထားသူဖြစ်‌ကြောင်း သိရကာ အဆိုပါအမျိုးသမီး အားတွေ့ရှိပါက ၀၉ ၄၅၄၃၃၁၉၃၃ သို့ ဆက်သွယ် အကြောင်းကြားပေးရန် မိသားစုဝင်များက အကူအညီ တောင်းခံထားသည်။

အဆိုပါ အမျိုးသမီး ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး ဆွေမျိုး၊ သူငယ်ချင်းများထံ ဆက်သွယ် စုံစမ်းနေဆဲ ဖြစ်သည့်အတွက် သက်ဆိုင်ရာသို့ လူပျောက် တိုင်ကြားမှု မရှိသေးကြောင်း သိရသည်။

ယခုရက်ပိုင်း မြစ်ကြီးနားမြို့တွင် မကြာခဏ ဆိုသလို လူလတ်ပိုင်းနှင့် ကလေးသူငယ်များ ပျောက်ဆုံးလျက်ရှိပြီး၊ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင်လည်း အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး ပျောက်ဆုံးခဲ့ ကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။