Trending Now

ကြံခင်းမြို့နယ်တွင် ကလေးငယ်များအပါအဝင် ဘင်္ဂါလီ ၂၇ ဦး ဖမ်းမိ

Spread the love

ကြံခင်းမြို့နယ်တွင် ကလေးငယ်များအပါအဝင် ဘင်္ဂါလီ ၂၇ ဦး ဖမ်းမိ

EPN
ဧရာဝတီ၊ ဩဂုတ် ၂၄

ဧရာဝတီတိုင်း၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ အုတ်ပုံစစ်ဆေးရေးဂိတ်တွင် ကလေးငယ်များ အပါအဝင် ဘင်္ဂါလီ ၂၇ ဦးကို သက်ဆိုင်ရာမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဘင်္ဂါလီ ၂၇ ဦးကို ဩဂုတ်လ ၂၃ ရက်နေ့က ကြံခင်းမြို့နယ်၊ ဇီးပင်ကွင်းအုပ်စု၊ တောင်အုတ်ပုံရွာအနီး အုတ်ပုံပူးပေါင်း စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှု ပြုလုပ်နေသည့် တာဝန်ရှိသူများမှ ဖောကားတစ်စီးပေါ်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် ဘင်္ဂါလီ ၂၇ ဦးသည် အမျိုးသား ၂၁ ဦး၊ အမျိုးသမီး ၆ ဦးဖြစ်ပြီး၊ ကလေးငယ်များ အများဆုံး ပါဝင်ကြောင်း သိရသည်။

” လိုအပ်တာတွေ ကူညီပေးထားပါတယ်။ အသက် ၁၈ နှစ် အောက် ကလေးတွေလည်းပါတယ်။ ဒီနေ့ မနက်ပိုင်းက တာဝန်ရှိသူတွေ ကားတွေကို စစ်ဆေးရင်း ဖမ်းမိတာတဲ့ ” ဟု ဘင်္ဂါလီများကို ကူညီပေးနေသူတစ်ဦးက ပြောသည်။

အဆိုပါ ဖမ်းမိသည့် ဘင်္ဂါလီ၂၇ ဦးသည် ရခိုင်ပြည်နယ် အမ်းမြို့နယ်မှ ထွက်ခွာလာခြင်းဖြစ်ပြီး၊ ရန်ကုန်မှ တစ်ဆင့် မလေးရှားနိုင်ငံသို့ သွားရောက်ရန် ထွက်လာသူများဖြစ်ကာ လက်ရှိတာဝန်ရှိသူများမှ စစ်ဆေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၄ ရက်နေ့ကလည်း လပွတ္တာမြို့နယ်၊ ပြင်စလူ မြို့၊ ကိုင်းသောင်ကျေးရွာအုပ်စု၊ ကိုင်းသောင်ကျေးရွာနှင့် ၄ မိုင်ခန့်အကွာ ပင်လယ်ပြင်မှ စက်လှေတစ်စီးပေါ်တွင် ဘင်္ဂါလီ ၇၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလင်း
Photo- CJ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။