Trending Now

ဂါဇာကမ်းမြောင် ဒုက္ခသည်စခန်းကို အစ္စရေးရဲ့ တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂပြော

Spread the love

ဂါဇာကမ်းမြောင် ဒုက္ခသည်စခန်းကို အစ္စရေးရဲ့ တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂပြော

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၂

ဂါဇာကမ်းမြှောင်ရဲ့ အကြီးဆုံးဒုက္ခသည်စခန်းကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုက စစ်ရာဇဝတ်မှုဖြစ်စေနိုင်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၁ ရက်) မှာ ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြှောင်မှာရှိတဲ့ Jabalia ဒုက္ခသည်စခန်းကို အစ္စရေးက နှစ်ရက်အတွင်း နှစ်ကြိမ်တိုင်တိုင် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး ဒါဇင်နဲ့ချီသေဆုံးကာ လူအများအပြား ဒဏ်ရာရှိခဲ့တယ်လို့ ဟားမတ်စ်အဖွဲ့ ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ပါလက်စတိုင်းဒုကသည် ၁၉၅ ဦး သေဆုံးခဲ့ပြီး ၁၂၀ ဦးပျောက်ဆုံးနေတယ်လို့ ဟားမတ်စ်အဖွဲ့ကြီးမှူး အစိုးရမီဒီယာရုံးက ပြောကြားခဲ့ပြီး ၇၇၇ ဦးထက်မနည်း ဒဏ်ရာရှိခဲ့တယ်လို့ ဆိုပါတယ်။

အစ္စရေးက အင်္ဂါနေ့က စီးနင်းမှုအတွင်း ဟားမတ်စ် ထိပ်တန်းတပ်မှူး Ibrahim Biari ကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“Jabalia ဒုက္ခသည်စခန်းကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအပြီးမှာ အရပ်သားသေဆုံးမှု များပြားမှုနဲ့ ပျက်စီးဆုံးရှုံးမှု ပမာဏအရ၊ ဒီတိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှုဖြစ်နိုင်တဲ့ အချိုးအစားမညီတဲ့ တိုက်ခိုက်မှုတွေဖြစ်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။” လို့ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက ပြောကြားခဲ့ပါတယ်။

ဟားမတ်စ်သေနတ်သမားတွေရဲ့ အောက်တိုဘာ ၇ ရက်နေ့က တိုက်ခိုက်မှုကြောင့် လူ ၁၄၀၀ ကျော်သေဆုံးခဲ့ပြီး အများစုမှာ အရပ်သားတွေဖြစ်တယ်လို့ အစ္စရေးတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ဓားစာခံ ၂၃၀ ကျော်လည်း ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။

အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း ၈၇၉၆ ဦး သေဆုံးခဲ့ပြီး အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

Ref; CNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။