Trending Now

ကိုရံ (တောင်)ကျေးရွာ ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီူချုပ် ဦးတင့်လွင် တက်ရောက်ဖွင့်လှစ်

Spread the love

ကိုရံ (တောင်)ကျေးရွာ ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီူချုပ် ဦးတင့်လွင် တက်ရောက်ဖွင့်လှစ်

EPN
မကွေး၊ မတ် ၁၅ (၂၀၂၄)

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီူချုပ် ဦးတင့်လွင်မှ မြို့သစ်မြို့နယ်၊ ကိုရံ (တောင်)ကျေးရွာသို့ သွားရောက်ကာ (၇၉)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကိုရံ (တောင်)ကျေးရွာ
ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်း အခမ်းအနားကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ မတ်လ ၁၄ ရက်နေ့တွင် အခမ်းအနားသို့ တက်ရောက်ကာ မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ
အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ဒေသခံ ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ ကျောင်း ဆောင်သစ်နှင့် ပတ်သက်သည့်စာရွက်စာတမ်းများအား ဆောက်လုပ်ရေးကုမ္ပဏီမှ မြို့နယ်ပညာရေးမှူးထံ လွှဲပြောင်းပေးအပ်ခဲ့ကာ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

ဇက်ကေ

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။