Trending Now

အိန္ဒိယတောင်ပိုင်း ဓာတုစက်ရုံ ဓာတ်ငွေ့ယိုစိမ့်မှုတွင် ခြောက်ဉီး သေဆုံး၊ ၁၀၀ ကျော် ဆေးရုံတင်ရ

Spread the love

အိန္ဒိယတောင်ပိုင်း ဓာတုစက်ရုံ ဓာတ်ငွေ့ယိုစိမ့်မှုတွင် ခြောက်ဉီး သေဆုံး၊ ၁၀၀ ကျော် ဆေးရုံတင်ရ

EPN
နိုင်ငံတကာ၊ မေ ၇

အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒေ့ရှ်ပြည်နယ်ရှိ ဝိသာခါပတ်နမ်ခရိုင်အနီး တည်ရှိသည့် ဓာတုစက်ရုံ LG Polymers ၌ ဓာတုဓာတ်ငွေ့ယိုစိမ့်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူခြောက်ဉီးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသန္တရ အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဉီးက ယနေ့ ပြောကြားလိုက်သည်။

ဓာတုစက်ရုံ၌ သံသယဖြစ်ဖွယ်ရာ ဓာတ်ငွေ့ယိုစိမ့်မှုတစ်ခု ဖြစ်ပွားပြီးနောက် အဆိုပါခရိုင်အတွင်းရှိ ကျေး ရွာများမှ လူ ၁၂၀ ကျော်ကို ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း ၄င်းက ပြောကြားသည်။

ဓာတုစက်ရုံဝန်းကျင်ရှိ ကျေးရွာသုံးရွာထက်မနည်းကို ဘေးလွတ်ရာသို့ပြောင်းရွှေ့ခဲ့ကြောင်း ၄င်းက ဆို သည်။ “ဒီကျေးရွာတွေ ဘေးလွတ်ရာပြောင်းရွှေ့တာပြီးစီးဖို့ အနည်းဆုံး တစ်နာရီလောက်ကြာမယ်လို့ ကျွန်တော် တို့ မျှော်မှန်းပါတယ်” ဟု သူကဆိုသည်။

LG Polymers ဓာတုစက်ရုံ၌ ဓာတ်ငွေ့ယိုစိမ့်မှုတစ်ခု ဖြစ်ပွားသည်ဟု မဟာဝိသာခါပတ်နမ် မြူနီစီပယ် ကော်ပိုရေးရှင်း (GVMC) က တွစ်တာ၌ ဖော်ပြခဲ့ပြီး စက်ရုံအနီးဝန်းကျင်ရှိ ပြည်သူများ အိမ်တွင်းနေထိုင်ကြရန် မေတ္တာရပ်ခံခဲ့သည်။

တွစ်တာတွင်တင်ခဲ့သည့် ဓာတ်ပုံများတွင် အခင်းဖြစ်ရာနေရာ၌ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ကားများနှင့် လူ နာတင်ယာဉ်များ အပါအဝင် အရေးပေါ်ဌာနများမှတပ်ဖွဲ့ဝင်များ ပြသခဲ့သည်။

–ကိုးကား–
သည်စထရိတ်တိုင်းမ်
Ref; Six dead, over 100 hospitalised after gas leakage at LG Polymers plant in south India


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။