Trending Now

သန့်ရှင်းရေးအလုပ်သမားတွေ သပိတ်မှောက်လို့ ပဲရစ်မြို့မှာ အမှိုက်တွေ စုပုံနေ

Spread the love

သန့်ရှင်းရေးအလုပ်သမားတွေ သပိတ်မှောက်လို့ ပဲရစ်မြို့မှာ အမှိုက်တွေ စုပုံနေ

EPN
နိုင်ငံတကာ၊ မတ် ၁၈

အစိုးရရဲ့ ပင်စင်ပြုပြင်ပြောင်းလည်းမှုကို မကြေနပ်တဲ့ သန့်ရှင်းရေးလုပ်သားတွေ ဆန္ဒပြမှုကြောင့် ပဲရစ်မြို့က လမ်းမတွေပေါ် မှာ အမိုက်တန်ချိန် တစ်သောင်းကျော် စုပုံနေခဲ့တယ်လို့ ဆိုပါတယ်။

စည်ပင်သန့်ရှင်းရေးလုပ်သားတွေ တရားဝင် အငြိမ်းစားယူရမယ့် အသက်ကို ၅၇ နှစ်ကနေ ၅၉ နှစ်အထိ တိုးမြင့်လိုက်တဲ့ပေါ် မကျေမနပ်ဖြစ်နေကြတဲ့ သန့်ရှင်းရေး လုပ်သားတွေက စတင် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်မှာ မဲမထည့်ဘဲ ပင်စင်ပြုပြင်ပြောင်းလဲရေး ဥပဒေကြမ်းကို အတင်းအကျပ် အတည်ပြုခဲ့တဲ့ ဝန်ကြီးချုပ် Elisabeth Borne ရဲ့ ကြေငြာချက်ကို နိုင်ငံတစ်ဝှမ်းက ဒေါသထွက်ခဲ့ကြပါတယ်။

၁၂ ရက်ကြာ ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပြီးနောက် လိုက်နာဖို့ ငြင်းဆိုသူတွေကို ဒဏ်ငွေယူယူ တစ်သောင်း( အမေရိကန်ဒေါ်လာ ၁၀,၆၀၀) နဲ့ ထောင်ဒဏ် ခြောက်လ ကျခံရမယ်လို့ ဆိုပါတယ်။

Ref; xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။