Trending Now

တရုတ်က ထိုင်ဝမ်ကို မလာဖို့ အပြင်းအထန် သတိပေးထားတဲ့ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ ထိုင်ဝမ်သမ္မတ နဲ့ တွေ့မယ်လို့ဆို

Spread the love

တရုတ်က ထိုင်ဝမ်ကို မလာဖို့ အပြင်းအထန် သတိပေးထားတဲ့ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ ထိုင်ဝမ်သမ္မတ နဲ့ တွေ့မယ်လို့ဆို

EPN
နိုင်ငံတကာ ၊ သြဂုတ် ၂

တရုတ်က ထိုင်ဝမ်ကို မလာဖို့ အပြင်းအထန် သတိပေးထားတဲ့ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီဟာ မနက်ဖြန်မှာ ထိုင်ဝမ်သမ္မတ နဲ့ တွေ့ဆံဖို့ စီစဉ်ထားတယ်လို့ နစ်ကီအာရှ သတင်းဌာနက ဖော်ပြလာပါတယ်။

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပေလိုစီ ဟာ ထိုင်ဝမ် သမ္မတ ဆိုင်အင်းဝမ် နဲ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံဖို့စီစဉ်ခဲ့တာဟာ တရုတ်ရဲ့ စစ်ရေးအရ တုံ့ပြန်မှုကို ဖြစ်ပေါ်လာနိုင်စေတဲ့ စိုးရိမ်ဖွယ်ရာ ခရီးစဉ်တစ်ခုကို စီစဉ်ခဲ့တာပါ။

တကယ်လို့ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ ထိုင်ဝမ်ကျွန်းကို လာရောက်လည်ပတ်ခဲ့မယ်ဆိုရင် တရုတ်စစ်တပ်က ဘာမှမလုပ်ဘဲ ထိုင်နေမှာ မဟုတ်ဘူးလို့ တရုတ်ပြည်မကြီး အစိုးရက ဩဂုတ် ၁ ရက်မှာ ပြောဆိုထားပါတယ်။

ပေလိုစီရဲ့ အဆင့်အတန်းဟာ အမေရိကန်အစိုးရရဲ့ တတိယအဆင့်မြင့်ဆုံး အရာရှိဖြစ်နေတဲ့အတွက် တရုတ်ပိုင်ဆိုင်တဲ့နေရာလို့ အခိုင်အမာ ကြေညာထားတဲ့ ထိုင်ဝမ်ကျွန်းကို လာလည်တာဟာ တရုတ်ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျောက်လိကျန်းက နောက်ဆုံးသတိပေးထားပါတယ်။

အမေရိကန်နဲ့ ထိုင်ဝမ် အကြီးတန်းအစိုးရအရာရှိတစ်ဦးတို့ကလည်း နန်စီပေလိုစီ ရဲ့ အာရှခရီးစဉ်အတွင်းမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ထိုင်ဝမ်ကို လာရောက်ဖို့ မျှော်လင့်ထားတယ်လို့ အေပီသတင်းဌာနက ဒီနေ့ဖော်ပြခဲ့ပါတယ်။

မေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကလည်း နန်စီပေလိုစီ ထိုင်ဝမ်ကို သွားတာဟာ တတိယကမ္ဘာစစ်ကို စတင်လိုက်တာဖြစ်တယ်လို့ ကြေညာထားပါတယ်။

အမေရိကန်ရေတပ်က လေယာဉ်တင်သင်္ဘော USS Ronald Reagan အပါအဝင် သင်္ဘောအများအပြားကို ထိုင်ဝမ်အနားမှာ တပ်ချထားပြီး တရုတ်ဘက်ကလည်း အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ်မြေ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ သေချာပေါက် ပြတ်ပြတ်သားသားနဲ့ ပြင်းထန်တဲ့ တန်ပြန်အရေးယူမှုတွေ လုပ်သွားမယ်လို့ ပြောဆိုထားပါတယ်။

Source – nikkei asia

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။