Trending Now

တနိုင်း မြစ်ကြီးနားလမ်းအကြား မိုးရွာသွန်းမှုကြောင့် လမ်းတစ်ချို့ပျက်ဆီးမှုဖြစ်ပေါ်ကာ ခရီးသည်များ သွားလာရန်ခက်ခဲနေ

Spread the love

တနိုင်း မြစ်ကြီးနားလမ်းအကြား မိုးရွာသွန်းမှုကြောင့် လမ်းတစ်ချို့ပျက်ဆီးမှုဖြစ်ပေါ်ကာ ခရီးသည်များ သွားလာရန်ခက်ခဲနေ

EPN
မြစ်ကြီးနား၊ ဇွန် ၇

ကချင်ပြည်နယ်၊ တနိုင်းနှင့်မြစ်ကြီးနား သွားလမ်း တနိုင်းနှင့်လဝါးကြား ယမန်နေ့ မိုးရွာသွန်းမှုကြောင့် လမ်းများတွင် ရွံ့နွံများဖြစ်ပေါ်နေပြီး ခရီးသည်ကားများ သွားလာရန် ခက်ခဲနေကြောင်း တနိုင်းမြစ်ကြီးနားလမ်းဆိုင်ရာ ဆောက်လုပ်ရေးတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ယင်းတနိုင်း-မြစ်ကြီးနား သွားလမ်းမှာ ယခင်ကပြုပြင်လုပ်‌ဆောင်ခဲ့သော်လည်း မိုးတွင်းအချိန်တွင် မကြာခဏဆိုသလို ပျက်ဆီးမှုရှိနေပြီးယခုအချိန်တွင်လည်း ပြုပြင်နေဆဲဖြစ်ကြောင်း သိရသည်။

“ဒီလမ်းက မိုးရွာရင်အမြဲလိုဖြစ်တယ်၊ အခုလည်းလမ်းခင်းနေတာ မိုးကရွာတော့ မြေစာတွေကပျော့၊ ကားတွေက ဆက်သွားနေတာဆိုတော့ ရွံ့တွေဖြစ်ကုန်တာပေါ့၊ ဒါပေမဲ့ အခုစက်ကြီးတွေနဲ့တော့ ဆောင်ရွက်ပေးနေတယ် သွားလာရဆင်ပြေအောင်”ဟု လမ်းတာဝန်ရှိသူတစ်ဦးကပြောသည်။

မိုးတွင်းကာလတွင် တနိုင်း-မြစ်ကြီးနား သွားလမ်းမှာ မကြာခဏ ပြုပြင်ပြီးသွားနေရသည့်အတွက် ကားသမားများနှင့်ခရီးသည်များအတွက် သွားလာရန်အခက်အခဲရှိနေကြောင်း ကားသမားတစ်ဦးမှ ပြောဆိုသည်။

“ကျွန်တော်တို့ကားသမားတွေလည်းအချိန်နဲ့သွားပေးနေရတာလေ ခရီးသည်တွေကိုတော့အားနာရတာပေါ့ ဒါပေမဲ့အခုလိုမျိုးဖြစ်တော့မတက်နိုင်ဘူး၊လမ်းကောင်းရင်တော့ တနိုင်းကနေမနက်၈နာရီထွက်ရင်မြစ်ကြီးနားကို ၅နာရီလောက်ကိုနောက်ကျဆုံး ရောက်တာပေါ့ အခုတော့ညနေ၆နာရီလောက်မှ ရောက်တာမျိုးရှိတယ်၊ ဒါပေမဲ့အခုတော့အချိန်အရမ်းမကြာပါဘူးသူတို့ကစက်ကြီးတွေနဲ့ပြန်လုပ်ပေးနေတာဆိုတော့အချိန်ခဏပါပဲ”ဟု ၎င်းကပြောသည်။

၎င်းရွံ့နွံတွေဖြစ်နေသောလမ်းနေရာများအားပြုပြင်နေသော်လည်း မိုးဆက်တိုက်ရွာသွန်းနေသေးသည့်အတွက် လက်ရှိအချိန်ထိ ကောင်းမွန်အောင်မဆောင်ရွက်နိုင်သေးကြောင်း သိရသည်။

အဆိုပါ ရွံ့နွံများဖြစ်နေသည့်နေရာအတွင်းခရီးသည်ကားများသွားလာချိန်မကြာစေရန် လမ်းပြုပြင်ရေးတာဝန်ရှိသူများမှ ပြုပြင်မှုများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။