Trending Now

တရုတ်နိုင်ငံတွင် ဓာတ်ငွေ့လောင်စာသယ်ယာဉ် ပေါက်ကွဲမှုကြောင့် ၁၉ ဦး သေဆုံး၊ ၁၇၂ ဦး ဒဏ်ရာရ

Spread the love

တရုတ်နိုင်ငံတွင် ဓာတ်ငွေ့လောင်စာသယ်ယာဉ် ပေါက်ကွဲမှုကြောင့် ၁၉ ဦး သေဆုံး၊ ၁၇၂ ဦး ဒဏ်ရာရ

EPN
နိုင်ငံတကာ၊ ဇွန် ၁၄

ယမန်နေ့နေ့လည်ပိုင်းက တရုတ်နိုင်ငံရှိ အဝေးပြေးလမ်းမတစ်ခုတွင် ဓာတ်ငွေ့လောင်စာတင်ကားတစ် စီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၇၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် ဆင်ဟွာသ တင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ဓာတ်ငွေ့ရည်များ တင်ဆောင်လာသော ကားတစ်စီးမှာ ကျဲကျင့်ပြည်နယ်ရှိ ကမ်းရိုးတန်းမြို့တော်တစ် ခုဖြစ်သည့် ဝမ်လင်းမြို့ အဝေးပြေးလမ်းမကြီးပေါ်တွင် ပေါက်ကွဲခဲ့ကြောင်း ဆင်ဟွာသတင်းဌာနကဆိုသည်။

အဆိုပါ လောင်စာတင်ထရပ်ကားမှာ နင်ဘိုမြို့နှင့် ဝမ်ကျိုးမြို့ကြား သွားလာနေချိန် ပေါက်ကွဲခဲ့ခြင်းဖြစ် ကြောင်း၊ ပေါက်ကွဲရသောအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဝမ်လင်းမြို့တော် ဒုတိယမြို့တော် ဝန် ကျူမင်လျှံက ယနေ့ ပြောကြားခဲ့သည်။

လူအချို့ ပျောက်ဆုံးနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းကို ဆောင်ရွက်နေဆဲဖြစ်ကြောင်း ဒေသန္တရ တာဝန်ရှိသူများက ပြောကြားသည်။

ဝမ်လင်းမြို့တော်အနောက်ဘက် အဝေးပြေးလမ်းမကြီးအနီးတည်ရှိသော ပြိုကျအဆောက်အအုံများပုံကို ဂြိုဟ်တုဓာတ်ပုံများက ပြသနေသည်။

အခင်းဖြစ်ရာနေရာသို့ မီးသတ်ကား ၃၄ စီးနှင့် ကယ်ဆယ်ရေးသမား ၁၃၈ ဦး စေလွှတ်ခဲ့ကြောင်း ဆင် ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံရှိ အခြားဒေသများမှ မီးသတ်ကား ၆၂ စင်းနှင့် ကယ်ဆယ်ရေးသမား ၃၁၆ ဦးကိုလည်း အခင်းဖြစ်ရာနေရာသို့ စေလွှတ်ခဲ့ကြောင်း သိရသည်။

–ကိုးကား–
စီအင်န်အင်န်
Ref; Gas tanker explosion in China kills 19


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။