Trending Now

ကချင်ပြည်နယ်တွင် MPT မိုလ်ဘိုင်းဒေတာ အင်တာနက်လိုင်းနှင့် WiFi ဖိုက်ဘာ လိုင်းတချို့ ပြန်လည်ရရှိ

Spread the love

ကချင်ပြည်နယ်တွင် MPT မိုလ်ဘိုင်းဒေတာ အင်တာနက်လိုင်းနှင့် WiFi ဖိုက်ဘာ လိုင်းတချို့ ပြန်လည်ရရှိ

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၉ (၂၀၂၄)

ကချင်ပြည်နယ်တွင် ယမန်နေ့ ညနေပိုင်းကစ၍ MPT မိုလ်ဘိုင်းဒေတာ အင်တာနက်လိုင်းနှင့် WiFi ဖိုက်ဘာလိုင်းတချို့ ပြန်လည်အသုံးပြု၍ ရရှိလာကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း၌ ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က MPT မိုလ်ဘိုင်း အင်တာနက်လိုင်းများ၊ WiFi ဖိုက်ဘာ အင်တာနက်လိုင်းများ ပြန်လည်အသုံးပြု၍ ရရှိနေကြောင်း မြစ်ကြီးနားမြို့ခံများထံမှ သိရသည်။

” မနေ့က ညနေပိုင်းကစပြီး MPT မိုလ်ဘိုင်း အင်တာနက်လိုင်းတွေ ပြန်ရတယ်။ ပြီးတော့ WiFi ဖိုက်ဘာ လိုင်းတချို့လည်း အသုံးပြုလိုရနေတယ် ” ဟု ၎င်းကပြောသည်။

ကချင်ပြည်နယ်အတွင်း၌ ပြီးခဲ့သည့် ဩဂုတ်လအတွင်းကစ၍ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်ဒေသတို့တွင် တပ်မတော်နှင့် KIA ၊ PDF ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့၍ မိုလ်ဘိုင်းဒေတာ အင်တာနက္များ၊ WiFi ဖိုက်ဘာ အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့သည်မှာ သုံးလကျော် ကြာမြင့်ခဲ့ပြီးမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်နေ့တွင်ပြန်လည်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။