Trending Now

နားမြို့၊သီတာရပ်ကွက်တွင် တည်ထားသည့် လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက်

Spread the love

ကြီးနားမြို့၊သီတာရပ်ကွက်တွင် တည်ထားသည့် လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက်

EPN
မြစ်ကြီးနား၊ မတ် ၉၊ ၂၀၂၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်အတွင်း တည်ထားသည့် လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း အခမ်းအနားကို ယနေ့၊ နံနက် ၉ နာရီခွဲ အချိန်ခန့်က ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို ယနေ့၊ နံနက် ၉နာရီခွဲ အချိန်က စတင်ကာ အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ကြွရောက်လာကြသည့် ဆရာတော်များအား ကန်တော့၍ သီလခံယူခဲ့ကြသည်။

ယင်းနောက် ဆရာတော်ကြီးများထံမှ ပရိတ်တရားတော် နာယူခဲ့ကြကာ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဇနီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး အမှူးပြုသော တာဝန်ရှိသူများက လှူဖွယ်ဝတ္ထု အစုစုတို့ကို လှူဒါန်းခဲ့ပြီး၊ ဝန်းသိုကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာ တရားတော်ကို နာယူခဲ့ကြကာ လှူဖွယ်အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

အဆိုပါ လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော် လုံးတော်ပြည့်ရွေသင်္ကန်းကပ်လှူရာတွင် ရွှေဆိုင်းပေါင်း (၁၀၅၀) ဆိုင်းကုန်ကျခံခဲ့ပြီး၊ ရွှေဆိုင်းဘိုး လက်ခ ကုန်ကျငွေတန်ဖိုးမှာ (၂၀၄.၇၅၀.၀၀၀)ကျပ် ကုန်ကျခဲ့ကြောင်း ဂေါပဂများထံမှ သိရသည်။

၎င်းအပြင်း ကျန်ရှိနေသော ပထမပစ္စယာ၊ ဒုတိယပစ္စယာ မုခ်ဦး (၄)ခု၊ ကလသာအိုး (၈)လုံးတို့အား လာမည့်နှစ်တွင် ဆက်လက်၍ ရွှေသင်္ကန်းကပ်လှူရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြတ်မင်း

 

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။