Trending Now

တနိုင်းမြို့နယ်အတွင်းရှိ ခလရ (၈၆)တပ်ရင်းနှင့် လဂျားဘွမ်ကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

Spread the love

တနိုင်းမြို့နယ်အတွင်းရှိ ခလရ (၈၆)တပ်ရင်းနှင့် လဂျားဘွမ်ကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

 

EPN
တနိုင်း ၊ ဇွန် ၁၃

ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး၏ ညွှန်ကြားချက်ဖြင့် တနိုင်းမြို့တွင်း ခလရ (၈၆) တပ်ရင်းနှင့် တနိုင်းမြို့နယ် တရုံကျေးရွာအုပ်စု လဂျားဘွမ်ကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြားမရှိသေးသူများကို ဇွန်လ (၁၃)ရက်နေ့က သွားရောက်ကွင်းဆင်းပြီး ပြုလုပ်ပေးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ နိုင်ငံသားစိစစ်ရေးကဒ်ပြားများကို ပြုလုပ်ပေးရာတွင် လတ်တလော ကိုဗစ်ရောဂါဖြစ် ပွားနေသည့် အချိန်ကာလဖြစ်သည့်အတွက် အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက် အညီ ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။

“တနိုင်းမြို့နယ်မှာရှိတဲ့ ခလရ(၈၆)တပ်ရင်းနဲ့ တရုံကျေးရွာအုပ်စု လဂျားဘွမ်ကျေးရွာတွေမှာ ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကဒ်ပြားမရှိတဲ့ ပြည်သူတွေစုစုပေါင်း(၂၄)ဦး ကိုနိုင်ငံသားစိစစ်ရေး ကဒ်ပြား ကိုထုတ်ပေးခဲ့တယ်။ ဒီလိုထုတ်ပေးတဲ့နေရာမှာ လူစုလူဝေးမဖြစ်စေဖို့အတွက် အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်နဲ့အညီထုတ်ပေးခဲ့တယ်”ဟု လဝက ဝန်ကြီးက ပြောသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနအနေဖြင့် ယခုနှစ်အတွင်း နိုင်ငံသား စိစစ်ရေးကဒ်ပြားများကို ကချင်ပြည်နယ်အတွင်းရှိ အခြေခံပညာရေးကျောင်းများ၊ ပုဂ္ဂလိက စာသင် ကျောင်းများ၊ ဗုဒ္ဓကျောင်းများ၊ တိုက်ပွဲရှောင်စခန်းများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် ကျေးလက်များတွင် ကွင်းဆင်းပြီး ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ချမ်းမြူး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။