Trending Now

မန္တလေးမှာ ရဲတပ်ကြပ် တစ်ဦး ပစ်သတ်ခံရပြီး သေနတ် တစ်လက်နဲ့ ဆိုင်ကယ် ပျောက်ဆုံးနေ

Spread the love

မန္တလေးမှာ ရဲတပ်ကြပ် တစ်ဦး ပစ်သတ်ခံရပြီး သေနတ် တစ်လက်နဲ့ ဆိုင်ကယ် ပျောက်ဆုံးနေ

EPN
မန္တလေး၊ စက်တင်ဘာ ၉

မနတ္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ကြပ် ၁ ဦးဟာ မနေ့ စက်တင်ဘာ ၈ ရက်၊ ည ၈ နာရီဝန်းကျင်အချိန်က ပစ်သတ်ခံရပြီး သူကိုင်ဆောင်ထားတဲ့ သေနတ် ၁ လက် နဲ့ ဆိုင်ကယ်ပါ ပျောက်ဆုံးနေတယ်လို့ မန္တလေး ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။

“ဖြစ်တဲ့နေရာက အကွက် အမှတ် (၄၄၆)၊ သနပ္ပင်ရပ်၊ သံလျက်မှော်တောင်ရပ်ကွက်၊မန်ကျည်း တန်းလမ်းထိပ်၊ ကန်တော်ကြီးမိသားစုရောင်းဝယ်ရေးဆိုင်ရှေ့မှာ အပစ်ခံရတာပါ၊ သေဆုံးသူက ရဲတပ်ကြပ် အောင်ညွှန့်ဖြစ်တယ် ” လို့ ချမ်းမြသာစည်မြို့နယ် ရဲအသိုင်းအဝိုင်းက ပြောပါတယ်။

ဒါ့အပြင် ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက “ကနဦး သိရတာက မိသားစု ရောင်းဝယ်ရေးဆိုင်ရှေ့မှာ ရဲတပ်ကြပ် အောင်ညွှန့်က သူ့စီးလာတဲ့ ဆိုင်ကယ်ကို ခဏရပ်လိုက်တဲ့အချိန်မှာ သူ့နောက်ကနေ ဆိုင်ကယ် ၁ စီး လူ ၃ ယောက်က နောက်ယောင်ခံလိုက်လာပြီး ပစ်ခတ်တာဖြစ်တယ်၊ ရဲတပ်ကြပ် အောင်ညွန့် မှာ ၊ ဝမ်းဗိုက်ကျည်ထိမှန်ဒဏ်ရာ ၁ချက်၊ ဦးခေါင်းကျည် ထိမှန် ဒဏ်ရာ ၁ ချက်၊ ဝဲရင်အုံ ကျည်ထိမှန်ဒဏ်ရာ ၁ ချက်တို့ ရရှိခဲ့ပြီး နေရာမှာတင် သေဆုံးသွားတာဖြစ်တယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုမှာ သေဆုံးသွားတဲ့ ရဲတပ်ကြပ် အောင်ညွှန့်ရဲ့ လွယ်အိတ်ထဲမှာပါတဲ့ ခြောက်လုံးပြူး သေနတ် ၁ လက်ကျည် ၁၂ တောင့်၊ AGT လမ်းလျောက်စကားပြောစက် ၁ လုံးနဲ့ သူ စီးနင်းလာတဲ့ ဆိုင်ကယ်အမှတ်၊ ၇၅ယ/ ၁၄၇၄ SCOOPYI အနက်ရောင်ဆိုင်ကယ် ၁ စီးလည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ခရိုင်ပြည်နယ်၊ စစ်တွေမြို့၊ အမှတ် ၁ ရဲစခန်းမှာ နယ်ထိန်းခေါင်းဆောင် တာဝန်ထမ်းဆောင်နေတဲ့ ရဲအုပ် သိပ္ပံ ဆိုသူဟာ မနေ့ စက်တင်ဘာ ၈ ရက် ညပိုင်းက စစ်တွေ ဆေးရုံ ရင်ခွဲရုံ မီးပွိုင့်ဖြတ်ဖို့ စောင့်ဆိုင်းနေတုန်း ပစ်သတ်ခံရလို့ သေဆုံးသွားတာ ဖြစ်ခဲ့ပါသေးတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။