Trending Now

ကိုလံဘီယာအကျဉ်းထောင်အတွင်း မီးလောင်မှုကျွမ်းမှုကြောင့် အကျဉ်းသား ၅၂ ဦး သေဆုံး

Spread the love

ကိုလံဘီယာအကျဉ်းထောင်အတွင်း မီးလောင်မှုကျွမ်းမှုကြောင့် အကျဉ်းသား ၅၂ ဦး သေဆုံး

EPN
နိုင်ငံတကာ၊ ဇွန် ၂၈

ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်း Tulua မြို့ရှိ အကျဉ်းထောင်အတွင်း ယမန်နေ့ နံနက်အစောပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ အကျဉ်းသား ၅၂ ဦးသေဆုံးခဲ့ပြီး ၁၈၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားအကျဉ်းထောင် အေဂျင်စီက ပြောပါတယ်။

ဇွန်လ ၂၈ ရက်နေ့ နံနက် ၂ နာရီအချိန်ခန့်မှာ အကျဉ်းထောင်အတွင်းကို ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာတာကို ထောင်သားတွေက တားဆီးဖို့ ကြိုးစားခဲ့ရာကနေ အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းခဲ့တာလို့ ထောင်အာဏာပိုင်တွေက ပြောပါတယ်။

“အကျဉ်းသားတွေကြားက ရန်ပွဲကြောင့် ဒီအခြေအနေကို နှိုးဆော်လိုက်တာပါ။ အကျဉ်းသားတွေထဲက တစ်ယောက်က ဒေါသထွက်ပြီး မွေ့ယာကို မီးရှို့ခဲ့ပါတယ်” လို့ တရားရေးဝန်ကြီး ဝီလ်ဆွန် ကပြောပါတယ်။

မီးလောင်ကျွမ်းမှုကို မီးသတ်သမားတွေက ထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက် အကျဉ်းသား ၁၂၀၀ ကျော်ရှိတဲ့ အကျဉ်းထောင်ကို ရဲတွေနဲ့ စစ်သားတွေက ဝိုင်းရံထားပြီး မှုခင်းဆေးပညာအဖွဲ့က ဒဏ်ရာရရှိသူတွေ နဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို ရှာဖွေဖော်ထုတ်ခဲ့ကြပါတယ်။

အမည်မဖော်လိုတဲ့ အကျဉ်းသားတစ်ဦးရဲ့ အမျိုးသမီးက “ အဆောက်အအုံတစ်ခုလုံး အလုံပိတ်တွေလေ မွေ့ယာကို မီးနဲ့ ရှို့တယ်ဆိုတာ ကျွန်မအတွက်တော့ ယုတ္တိမတန်ဘူးလို့ ထင်ပါတယ်။” လို့ ပြောပါတယ်။

ရွေးကောက်ခံသမ္မတ ဂူစတာဗို ပက်ထရိုက “သေဆုံးသွားတဲ့ လူတွေရဲ့ မိသားစုတွေနဲ့ ထပ်တူဝမ်းနည်းကြေကွဲရပါတယ် အခုလိုအဖြစ်အပျက်တွေ နောက်ထပ်မဖြစ်ရအောင် ကျွန်တော်တို့ရဲ့ အကျဉ်းထောင်မူဝါဒကို ပြန်လည် သုံးသပ်သွားမှာပါ” လို့ တွစ်တာက တဆင့်ဖော်ပြခဲ့ပါတယ်။

Source – CNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။