Trending Now

အီရတ်စစ်ပွဲမှာ ရုရှားသမ္မတ စစ်ရှုံးတယ်လို့ အမေရိကန် သမ္မတ လွဲမှားပြောဆို

Spread the love

အီရတ်စစ်ပွဲမှာ ရုရှားသမ္မတ စစ်ရှုံးတယ်လို့ အမေရိကန် သမ္မတ လွဲမှားပြောဆို

EPN
နိုင်ငံတကာ၊ ဇွန် ၂၉

အမေရိကန် သမ္မတ ဂျိုဘိုင်ဒင်က ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ အီရတ်စစ်ပွဲမှာ စစ်ရှုံးနေတယ်လို့ ဇွန်လ ၂၈ ရက်နေ့က သတင်းထောက်တွေကို လွဲမှားပြောဆိုခဲ့ပါတယ်။

သမ္မတ ရှီကာဂိုမြို့ကို ခရီးမထွက်မီ အိမ်ဖြူတော်က သတင်းထောက်တွေက ယူကရိန်းကို တိုက်ခိုက်နေတဲ့ ရုရှားခေါင်းဆောင်တစ်ဦး ဦးဆောင်တဲ့ အုံကြွမှုကြောင့် ရုရှားသမ္မတ ပူတင် အားနည်းသွားခြင်းရှိမရှိ မှတ်ချက်ပေးဖို့ ဘိုင်ဒင်ကို မေးမြန်းခဲ့ပါတယ်။

“တကယ်ပြောဖို့ခက်တယ်။ ဒါပေမယ့် အီရတ်စစ်ပွဲမှာ ရှင်းရှင်းလင်းလင်း ရှုံးနေတယ်။ သူကတော့ အိမ်မှာ စစ်ပွဲရှုံးပြီး တစ်ကမ္ဘာလုံးက အပယ်ခံ ဖြစ်သွားတယ်။ နေတိုးတင်မကဘူး၊ ဥရောပသမဂ္ဂလည်း မဟုတ်ဘူး။ ဂျပန်အပါအဝင် နိုင်ငံပေါင်း ၄၀ ရှိပါတယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒါဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ၂၄ နာရီအတွင်း ဒုတိယမြောက် လွဲမှားပြောဆိုမှုဖြစ်ခဲ့ပြီး အသက် ၈၀ နှစ်အရွယ် သမ္မတအတွက် အမေရိကန် နိုင်ငံသားအများစုက စိုးရိမ်မှုတွေရှိနေပါတယ်။

ဧပြီလ ၂၁ ရက်ကနေ ၂၄ ရက်အတွင်း ရိုက်တာသတင်းဌာနရဲ့ စစ်တမ်းကောက်ယူချက်အရ ဖြေဆိုသူ ၇၃ ရာခိုင်နှုန်းဟာ အစိုးရနေရာမှာ အလုပ်လုပ်ကိုင်ဖို့အတွက် ဘိုင်ဒင်က အသက်ကြီးလွန်းတယ်လို့ ပြောဆိုခဲ့ကြပါတယ်။

ဘိုင်ဒင်ရဲ့ ဆရာဝန့်တော့ သူ့ကို ကျန်းကျန်းမာမာနဲ့ တာဝန်ဆက်လက်ထမ်းဆောင်နိုင်သေးကြောင်း ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုအပြီး ဖေဖော်ဝါရီလက ကြေညာခဲ့ပါတယ်။

အမေရိကန်နဲ့ သူတို့ရဲ့ မဟာမိတ်တွေက အီရတ်ကို ၂၀၀၃ ခုနှစ်မှာ ကျူးကျော်ခဲ့ကြတာဖြစ်ပါတယ်။

Ref; reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။