Trending Now

မိုင်ဆပ်ပါ တွေ့ဆုံမှုမှသည် ငြိမ်းချမ်းရေးလမ်းစဉ်သို့ တက်လှမ်းနိုင်ပါစေ

Spread the love

မိုင်ဆပ်ပါ တွေ့ဆုံမှုမှသည် ငြိမ်းချမ်းရေးလမ်းစဉ်သို့ တက်လှမ်းနိုင်ပါစေ 

EPN Editorial
အယ်ဒီတာအာဘော်၊ မေ ၂၄၊ ၂၀၂၀

တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ KIO/KIA တို့ ယခုရက်ပိုင်း ကချင်ပြင်နယ် မိုင်ဆပ်ပါဒေသ မှာတွေ့ဆုံခဲ့တာနှင့် ပတ်သက်ပြီး အခြားတိုင်းရင်းသားအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် ပြည်သူ လူထုများအကြား အမြင်အမျိုးစုံဖြင့် ပြောဆိုဝေဖန်နေကြသည်ကို တွေ့မြင်ရသည်။

တပ်မတော်နှင့် ကေအိုင်အိုတို့ ယခုတွေ့ဆုံမှုသည် လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် တွေ့ဆုံခဲ့ခြင်းသာဖြစ်သည်ကို အားလုံးအသိပင်ဖြစ်မည်ဟု ယုံကြည်ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး ဦးဆောင်သော အဖွဲ့နှင့် ကေအိုင်အို ဒုဥက္ကဋ္ဌ ဦးအက်စ်ဂွမ်မော်ဦးဆောင်သောအဖွဲ့တို့နှင့် တွေ့ဆုံခြင်းဖြစ်သည်။

ကေအိုင်အို ထိန်းချုပ်ရာ မိုင်ဆပ်ပါဒေသမှာ COVID-19 ရောဂါထိန်းချုပ်ကာကွယ်ရေး ပစ္စည်းများနှင့် စားသောက်ဖွယ်များ လှူဒါန်းပေးခြင်းသာဖြစ်သည်။ တခြားသော အကြောင်းအရာကိစ္စ ရည်ရွယ်ချက်များ မပါဝင်ကြောင်း သုံးသပ်ရပါသည်။

ယခုလို ကေအိုင်အိုအဖွဲ့ ထိန်းချုပ်ရာဒေသမှာ တွေ့ဆုံခြင်းသည် တပ်မတော်အနေဖြင့် နိုင်ငံရေးအရ အမြတ်ထုတ်နိုင်ကြောင်း၊ မြေပြင်အနေအထားကို လေ့လာပြီးသားဖြစ်သွားမည် စသည်ဖြင့် ဝေဖန်သုံးသပ်နေကြသည်။

စင်စစ် ယခုသွားရောက်ခြင်းကိစ္စသည် လက်ရှိ ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသည် ကိုရို နာရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်သာဖြစ်သည်။ တခြားမည်သည့်အကြောင်းကိစ္စမျှမပါ။ UN အဖွဲ့ကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ကိုဗစ်ရောဂါနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားသလို နှစ်ဖက်အဖွဲ့အစည်းများကိလည်း ရောဂါမဖြစ်ပွားရေး အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေး လုပ်ဆောင်ကြရန် ထုတ်ပြထားကြသည်။

ယခုလက်ခံတွေ့ဆုံမှုကြောင့် KIA အပေါ်မှာ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက အထင်အမြင်လွဲမှားစေခြင်းနှင့် ယုံကြည်မှုလျှော့သွားစေနိုင်မည်မဟုတ်ပါ။ ယခုတွေ့ဆုံပွဲသည် တပ်မတော်ဘက်မှာကော KIA အတွက်ပါ အကျိုးရှိစေသည့် တွေ့ဆုံမှုဟု ဆိုရပေမည်။ ဒီတွေ့ဆုံမှုကြောင့် တစ်ဖက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း တစ်နည်းတစ်ဖုံ ပံ့ပူးလာနိုင်မည်ဟု ယုံကြည်ပါသည်။
ထို့ကြောင့် ယခုလို ကိုဗစ်ပစ္စည်းထောက်ပံ့မှုကြောင့် တွေ့ဆုံသည့် ပွဲနှင့် ပတ်သက်၍ မဟုတ်မမှန် ချဲ့ကားရေးသားပြောဆိုနေခြင်းသည် အကောင်းဘက်ကို မဦးတည်ဘဲ အဆိုးဘက်ကို ဦးတည်သွား နိုင်သည်ဆိုတာကို သတိချပ်စေချင်ပါသည်။

အထူးသဖြင့် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် အပြု သဘောမဟုတ်သည့် ဝေဖန်ရေးသားခြင်းမျိုးကို လုံးဝမဆောင်သင့်ကြောင်း တိုက်တွန်းလိုပါသည်။

အဘယ်ကြောင့်ဆိုသော် ယင်းကိစ္စနှင့် ပတ်သက်၍ အဆိုးမြင်ဝါဒများဖြင့် ပြောဆိုမှုများရှိနေသည့် အ တွက် အထူးသတိချပ် ဆင်ခြင်သင့်ပါကြောင်း ဖေါ်ပြလိုပါသည်။

ဒါကြောင့် ယခုလို တေ့ွဆုံမှုမှသည် နောက်ထပ်တွေ့ဆုံမှုများ ပြုလုပ်ခြင်းဖြင့် ငြိမ်းချမ်းရေးနှင့် တိုင်းရင်း သားစည်းလုံးညီညွတ်ရေးကို ပိုမိုဆောင်ရွက်သွားကြပါစေရန်ကြောင်း ဆုမွန်ကောင်းပါးရင်း ရေးသား လိုက်ရပါသည်။

အယ်ဒီတာ
ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်
Eternally Peace News Network (EPN)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။