Trending Now

မြစ်ကြီးနားမြို့ရှိ တည်းခိုခန်းတစ်ခု၌ အမျိုးသားတစ်ဦး မူးယစ်ဆေး အလွန်အကျွံ သုံးစွဲကာ သေဆုံး

Spread the love

မြစ်ကြီးနားမြို့ရှိ တည်းခိုခန်းတစ်ခု၌ အမျိုးသားတစ်ဦး မူးယစ်ဆေး အလွန်အကျွံ သုံးစွဲကာ သေဆုံး

EPN
မြစ်ကြီးနား၊ သြဂုတ် ၈

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်ရှိ စူပါဝမ်း တည်းခိုခန်းတွင် ယမန်နေ့ သြဂုတ်လ ၇ ရက်နေ့ ညနေ ၄ နာရီခွဲခန့်အချိန်ခန့်က အမျိုးသားတစ်ဦး မူးယစ်ဆေး အလွန်အကျွံ သုံးစွဲပြီး သေဆုံးခဲ့သည့် ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့သည်။

သေဆုံးသူ အမျိုးသားသည် ဝိုင်းမော်မြို့နယ်တွင် အလုပ်လုပ်ကာ ကသာမြို့သို့ပြန်မည့်သူ ဖြစ်ပြီး အဆိုပါ တည်းခိုခန်း၌ နားခိုစဥ် မူးယစ်ဆေးဝါး သုံးစွဲကာ သေဆုံးခဲ့ခြင်းကြောင်း လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဝိုင်းမော်မှာ အလုပ်လုပ်ပြီး အိမ်ပြန်ဖို့ စူပါဝမ်း တည်းခိုရိပ်သာမှာ လာတည်းတာတဲ့၊ မူးယစ်ဆေးသုံးပြီး ရှော့ဖြစ်သွားတယ် ပြောတယ်၊ အလောင်းကို ပြည်သူဆေးရုံကို ပို့ထားပြီးပြီ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ သေဆုံးသူမှာ အသက် ၂၄ နှစ်အရွယ်ကို ရဲရင့်ကျော် ဆိုသူဖြစ်ကာ ၎င်း၏ ရုပ်အလောင်းအား မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါတည်းခိုခန်း၌ ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့ကလည်း မိုးကောင်းမြို့သို့ ပြန်မည့် လူငယ်တစ်ဦး မူးယစ်ဆေး အလွန်အကျွံ သုံးစွဲသဖြင့် သေဆုံးခဲ့သည့် အလားတူ ဖြစ်စဥ် ဖြစ်ပွားခဲ့သေးသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။