Trending Now

ဒူဘိုင်းတွင် အိမ်အကူလုပ်ရန် သွားရောက်ရာမှ လိမ်လည်ခံရသည့် မိန်းကလေး ၈ ဦး ကိစ္စနှင့် ပတ်သက်၍ ညှိုနှိုင်း ဆောင်ရွက်ပေးထားကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်

Spread the love

ဒူဘိုင်းတွင် အိမ်အကူလုပ်ရန် သွားရောက်ရာမှ လိမ်လည်ခံရသည့် မိန်းကလေး ၈ ဦး ကိစ္စနှင့် ပတ်သက်၍ ညှိုနှိုင်း ဆောင်ရွက်ပေးထားကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်

EPN
မြစ်ကြီးနား ၊ သြဂုတ် ၂၉

ဒူဘိုင်းတွင် အိမ်အကူ အလုပ်လုပ်ရန် သွားရောက်ခဲ့သည့် မြန်မာအမျိုးသမီးငယ်များကို အေးဂျင့်က လိမ်လည်သဖြင့် အကူအညီတောင်းခံသည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်စာမျက်နှာတွင် ထွက်ပေါ်လာပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညှိုနှိုင်းဆောင်ရွက်ပေးထားကြောင်း ယနေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါဗီဒီယိုဖိုင်မှာ သြဂုတ်လ ၂၅ ရက်နေ့က ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး Facebook လူမှုကွန်ရက်ပေါ်တွင် မြန်မာအမျိုးသမီးငယ်များက ငိုကြွေးကာ အကူအညီ တောင်းခံလျက်ရှိသည်ကို တွေ့ရပြီး ၎င်းတို့မှာ ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်မှ ဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာသံရုံး၊ ရီရတ်ဒ်မြို့အနေဖြင့် ကာယကံရှင် အမျိုးသမီး(၈)ဦးရှိရာ ဒူဘိုင်းမြို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းကာ ၎င်းတို့အား ခေါ်ဆောင်လာခဲ့သော ပွဲစားဆိုသူနှင့် ကာယကံရှင်များအကြား ညှိနှိုင်းဆောင်ရွက်မှုများကို ၂၆-၈-၂၀၂၂ ရက်နေ့တွင် ပြုလုပ်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာသံရုံး၏ ညှိနှိုင်းပေးမှုကြောင့် အဆိုပါအမျိုးသမီး(၈)ဦး၏ နိုင်ငံကူးလက်မှတ်များကို ကာယကံရှင်များထံသို့ ပြန်လည်ပေးအပ်၍ မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ထွက်ခွာနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ရေး ညှိနှိုင်းရရှိခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် မြန်မာသံရုံးအနေဖြင့် ယူအေအီးနိုင်ငံမှ တာဝန်ရှိသူများကို အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပြန်လည်လွတ်မြောက်လာသူများ မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ထွက်ခွာနိုင်ရေးအတွက်လည်း ဒူဘိုင်းမြို့ရှိ မြန်မာ့လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးဖော်ပြထားသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။