Trending Now

အမေရိကန်မှာ အသက်ခြောက်နှစ်အရွယ်ကျောင်းသားက ကျောင်းဆရာမဖြစ်သူကို သေနတ်နဲ့ပစ်

Spread the love

အမေရိကန်မှာ အသက်ခြောက်နှစ်အရွယ်ကျောင်းသားက ကျောင်းဆရာမဖြစ်သူကို သေနတ်နဲ့ပစ်

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၇

အမေရိကန်နိုင်ငံအရှေ့ပိုင်း ဗာဂျီးနီးယားပြည်နယ် နယူးပို့တ်နယူးမြို့က မှုလတန်းကျောင်းတစ်ခုမှာ ခြောက်နှစ်အရွယ် ကလေးတစ်ဦးက ကျောင်းဆရာမကို သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု မနေ့က ဖြစ်ပွားခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။

”သေနတ်နဲ့ ပစ်ခတ်ခဲ့တာက ခြောက်နှစ်အရွယ် ကျောင်းသားတစ်ဦးပါ အခုသူ့ကို ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ် ဒါဟာ မတော်တဆပစ်ခတ်မှုမဟုတ်ပါဘူး” လို့ ဒေသရဲချုပ် စတိဗ်ဒရူးက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

သေနတ်နဲ့ပစ်ခံလိုက်ရတဲ့ အသက် ၃၀ နှစ်အရွယ် ကျောင်းဆရာမဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့ပေမယ့် ဆေးရုံကို အချိန်မီရောက်ရှိခဲ့တဲ့အတွက် သူမရဲ့ ကျန်းမာရေးသိသိသာသာကောင်းမွန်လာခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ပစ်ခတ်မှုဟာ မတော်တဆမှုအဟုတ်တဲ့အတွက် ကလေးငယ်စာသင်ခန်းထဲကို ယူဆောင်လာတဲ့ သေနတ်ကို ဘယ်နေရာက ရယူခဲ့တယ်ဆိုတာကို သိရှိနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ရဲကပြောပါတယ်။

မူလတန်းကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်အတွင်းမှာ ကျောင်းသား တစ်ဦးတစ်ယောက်မျှ ဒဏ်ရာရရှိခဲ့ခြင်းမရှိဘူးလို့ ရဲချုပ် စတိဗ်ဒရူးက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

— ကိုးကား —
ရိုက်တာ
Ref; Six-year-old boy shoots and gravely wounds teacher in Virginia school

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။