Trending Now

ဂျပန်ဧကရာဇ် နဲ့ မိဖုရား ပထမဆုံးနိုင်ငံတော်ခရီးစဉ်အဖြစ် အင်ဒိုနီးရှားကိုသွားရောက်မည်

Spread the love

ဂျပန်ဧကရာဇ် နဲ့ မိဖုရား ပထမဆုံးနိုင်ငံတော်ခရီးစဉ်အဖြစ် အင်ဒိုနီးရှားကိုသွားရောက်မည်

EPN
နိုင်ငံတကာ၊ ဇွန် ၉

ဂျပန်ဧကရာဇ် နာရူဟီတို နဲ့ မိဖုရား မာဆာကိုတို့ဟာ ၂၀၁၉ ခုနှစ် နန်းတက်ပြီးနောက်ပိုင်း ပထမဆုံးနိုင်ငံတော်ခရီးစဉ်အဖြစ် အင်ဒိုနီးရှားနိုင်ငံကို အခုလအတွင်း သွားရောက်မယ်လို့ ဂျပန်အစိုးရက ဒီနေ့ ဇွန်လ ၉ ရက်နေ့မှာ ပြောပါတယ်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြီးခဲ့တဲ့နှစ်က တိုကျိုကို သွားရောက်လည်ပတ်စဉ်မှာ ဧကရာဇ် နဲ့ မိဖုရားတို့ကို ဖိတ်ကြားခဲ့ပြီးနောက် ဇွန်လ ၁၇ ရက်ကနေ ၂၃ ရက်အထိ သွားရောက်မယ့် ခရီးစဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်။

“ဒီခရီးစဉ်ဟာ အင်ဒိုနီးရှားနိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မာစေမှာပါ” လို့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ က ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

ဧကရာဇ် နဲ့ မိဖုရားတို့ဟာ ပြီးခဲ့တဲ့နှစ်က လန်ဒန်မှာပြုလုပ်ခဲ့တဲ့ ဘုရင်မကြီး အဲလိဇဘက် ၂ ရဲ့ ဈာပနအခမ်းအနားကို တက်ရောက်ခဲ့ပြီး ဒါဟာ နန်းတက်ပြီးနောက်ပိုင်း ပထမဆုံးပြည်ပကို ခရီးထွက်ခဲ့တာဖြစ်ပါတယ်။

ကီရှီဒါက ပြီးခဲ့တဲ့လက ဟီရိုရှီးမားမှာ ပြုလုပ်ခဲ့တဲ့ Group of Seven ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ အခြားအင်အားကြီးနိုင်ငံပေါင်းများစွာက ခေါင်းဆောင်တွေနဲ့အတူ ဂျိုကိုဝီဒိုဒို လည်းဖိတ်ကြားခဲ့ပါတယ်။

ref; FN


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။