Trending Now

တနိုင်းမြို့တွင် သဲကျောက်တင်ကားမှ ကလေးငယ်တစ်ဦးအား တက်ကြိတ်မှုဖြစ်ပွား

Spread the love

တနိုင်းမြို့တွင် သဲကျောက်တင်ကားမှ ကလေးငယ်တစ်ဦးအား တက်ကြိတ်မှုဖြစ်ပွား

EPN
မြစ်ကြီးနား၊ ဧပြီ ၁၀ (၂၀၂၄)

ကချင်ပြည်နယ်၊ တနိုင်းမြို့၊ ဟူးကောင်းရပ်ကွက်တွင် သဲကျောက်တင်ကားမှ ကလေးငယ်တစ်ဦးအား တက်ကြိတ်မှု ယမန်နေ့၊ ညနေ ၅ နာရီခန့်က ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဟူးကောင်းရပ်ကွက်နေ အသက် (၈)နှစ်ဝန်းကျင်ရှိ ကလေးငယ်နှစ်ဦးမှာ စက်ဘီးဖြင့် နေအိမ်သို့ပြန်လာချိန် အုပ်ချုပ်ရေးမှူးရုံး အရောက်တွင် သဲပုံအားစက်ဘီးဖြင့်ကျော်တက်စဉ် မကျော်တက်နိုင်ပဲ လဲကျခဲ့ရာ အနောက်မှလာသည့် သဲကျောက်တင်ကားမှ စက်ဘီးအနောက်တွင် လိုက်ပါလာသူ ကလေးတစ်ဦး၏ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဦးခေါင်းအား တက်ကြိတ်မိသွားသဖြင့် အဆိုပါ ကလေးငယ်မှာ အခင်းဖြစ်ပွားရာတွင် သေဆုံးခဲ့ကြောင်း တနိုင်းမြို့နေ ပြည်သူတစ်ဦးထံမှ သိရသည်။

” ဖြစ်တာက မနေ့က ညနေ ၅ နာရီလောက်မှာ ဖြစ်သွားတာ။ ကလေးနှစ်ယောက်က စက်ဘီးနဲ့ အိမ်ပြန်လာကြတဲ့အချိန် အုပ်ချုပ်ရေးမှူးရုံးနားက သဲကျောက်ပုံကို ကျော်တက်ဖို့လုပ်ရင်း မကျော်တက်နိုင်ပဲ နှစ်ယောက်လုံး လဲကျတာ။ အဲ့ဒီအချိန် အနောက်ကနေလာတဲ့ သဲကျောက်တင်ကားက အနောက်မှာစီးတဲ့ ကလေးခေါင်းကို တက်ကြိတ်မိသွားတာ။ ကားကရှောင်ပေမယ့် မရတော့ဘူး။ ကလေးက ဦးနှောက်ပွင့်ထွက်ပြီး သေသွားတယ် ” ဟု ၎င်းကဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် မောင်နော်နော်ထွေး (၆)နှစ်ရှိသူမှာ ဦးခေါင်းကြေမွဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး မောင်လုဘွန် (၈)နှစ်ရှိသူမှာ ပွန်းပဲ့ဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ယာဉ်ပေါ့ဆစွာ မောင်းနှင်းသူ အောင်ထွန်းလေး (ခ) ရှမ်းလေး ၃၅ နှစ်အား ကားနှင့်အတူ တနိုင်းမြို့မရဲစခန်း၏ ယဥ် (ပ) အမှတ် ၅/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ – ၃၀၄ (က)ဖြင့် ဖမ်းဆီးအမှုဖွင့် အရေးယူထားကြောင်း သိရသည်၊၊

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။