Trending Now

ဘီလာရုစ်နိုင်ငံမှာ နျူကလီးယားလက်နက်တွေ ဖြန့်ကျက်ချထားမယ်လို့ ရုရှားသမ္မတပြော

Spread the love

ဘီလာရုစ်နိုင်ငံမှာ နျူကလီးယားလက်နက်တွေ ဖြန့်ကျက်ချထားမယ်လို့ ရုရှားသမ္မတပြော

EPN
နိုင်ငံတကာ၊ မတ် ၂၇

ရုရှားသမ္မတ ဗလာဒီမာပူတင်က ဘီလာရုစ်နိုင်ငံမှာ နည်းဗျူဟာမြောက် နျူလက်နက်တွေ ဖြန့်ကျက်ချထားမယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒီလိုလုပ်တာဟာ နျူကလီးယား မပြန့်ပွားရေး သဘောတူညီကို ချိုးဖောက်တာမဟုတ်ကြောင်း အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေမှာ လက်နက်ချထားမှုနဲ့ နှိုင်းယှဉ်ခဲ့တယ်လို့ ရုရှားနိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

ရုရှားရဲ့ အခိုင်မာဆုံးမဟာမိတ်ဖြစ်တဲ့ ဘီလာရုစ်မှာ နည်းဗျူဟာမြောက် လက်နက်သိုလှောင်ရေးအဆောက်အအုံကို ဇူလိုင်လအတွင်း အပြီးသတ်တည်ဆောက်သွားမယ်လို့ ရုရှားသမ္မတက ပြောဆိုခဲ့ပါတယ်။

ယူကရိန်းနိုင်ငံက ဒီကိစ္စနဲ့ ပတ်သက်လို့ နျူကလီးယား ခြိမ်းခြောက်မှုအဖြစ် ခေါ်ဆိုခဲ့ပြီး ကုလသမဂ္ဂကို အရေးပေါ်အစည်းအဝေးပြုလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

ကြေညာချက်အပြီးမှာ ရုရှားက နျူလက်နက်အသုံးပြုဖို့ ပြင်ဆင်နေတာ မဖြစ်နိုင်ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ဘီလာရုစ်နိုင်ငံဟာ ယူကရိန်းနဲ့ ရှည်လျားတဲ့ နယ်နိမိတ်ချင်း ထိစပ်နေသလို နေတိုးအဖွဲ့ဝင် ပိုလန်၊ လစ်သူယေးနီးယားနဲ့ လတ်ဗီးယားတို့ နဲ့ ထိစပ်နေပါတယ်။

ရုရှားနိုင်ငံရဲ့ ပြည်ပနိုင်ငံမှာ နျူလက်နက်တွေ အခြေစိုက်ထားရှိမယ့် အစီအစဉ်ဟာ ၁၉၉၀ ပြည်နှစ် နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်လာမှာ ဖြစ်ပါတယ်။

Ref; bbc

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။