Trending Now

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို လုံခြုံရေးအခြေအနေအရ ဖြေဆိုခွင့်မရခဲ့သည့် ဒေသအချို့ရှိ ကျောင်းသား/ ကျောင်းသူများကို ပြန်လည်ဖြေဆိုခွင့်ပြု

Spread the love

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို လုံခြုံရေးအခြေအနေအရ ဖြေဆိုခွင့်မရခဲ့သည့် ဒေသအချို့ရှိ ကျောင်းသား/ ကျောင်းသူများကို ပြန်လည်ဖြေဆိုခွင့်ပြု

EPN
မြစ်ကြီးနား၊ မတ် ၃၀ (၂၀၂၄)

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို လုံခြုံရေးအခြေအနေအရ ဖြေဆိုခွင့်မရခဲ့သည့် ဒေသအချို့ရှိ ကျောင်းသား/ ကျောင်းသူများကို ပြန်လည်ဖြေဆိုခွင့် ပြုသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ကျင်းပပြီးစီးခဲ့သည့် ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန်မှတ်ပုံတင်ထားပြီး ဖြစ်သော်လည်း၊ လုံခြုံရေးအ‌ခြေအနေအရ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် မရခဲ့သည့် ဒေသအချို့ရှိ ကျောင်းသား၊ ကျောင်းသူများအတွက် အထူးအစီအစဉ် တစ်ရပ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ပံ့ပိုးကူညီမှုနှင့် သတ်မှတ်ထားသည့် အခြေခံပညာကျောင်းများရှိ စာစစ်ဌာနများသို့ ကျောင်းသား၊ ကျောင်းသူများကို စုစည်းခေါ်ယူ၍ စာမေးပွဲ ဖြေဆိုစေမည်ဖြစ်ကြောင်းသတင်းထုတ်ပြန် ကြေညာခဲ့သည်။

အထူးအစီအစဉ်တစ်ရပ် အနေဖြင့် ဧပြီလ ၂၉ရက်နေ့မှ မေလ ၆ရက်နေ့အထိ စာမေးပွဲပြန်လည် ဖြေဆိုခွင့်ပြုမည်ဖြစ်ပြီး၊ မိမိကြိုက်နှစ်သက်ရာ စာစစ်ဌာနများတွင် ပြန်လည်ဝင်ရောက်ဖြေဆိုနိုင်ကြောင်းနှင့် မိမိဖြေဆိုလိုသည့် စာစစ်ဌာနများသို့ ဧပြီလ ၁၂ရက်နေ့ (သောကြာနေ့) နောက်ဆုံးထားပြီး သတင်းပေးပို့ စာရင်းသွင်းရန် အသိပေး ကြေညာထားကြောင်းသိရသည်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။