Trending Now

ယူနန်အပြည်ပြည်ဆိုင်ရာဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုပြိုင်ပွဲ၌ မြန်မာအဖွဲ့ပထမဆုရရှိ

Spread the love

ယူနန်အပြည်ပြည်ဆိုင်ရာဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုပြိုင်ပွဲ၌ မြန်မာအဖွဲ့ပထမဆုရရှိ

EPN
နေပြည်တော်၊ ဇန်နဝါရီ ၂၁

မြန်မာနိုင်ငံ DTVET အဖွဲ့၏ အစိမ်းရောင်စွမ်းအင်အခြေခံ ရေကန်သန့်ရှင်းရေးစနစ်သည် ပထမအကြိမ် ယူနန်အပြည်ပြည်ဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးမှ သိရသည်။

မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် အဆိုပါအဖွဲ့ကို စက်မှုသင်တန်းကျောင်းနှင့် အစိုးရစက်မှုလက်မှုသိပ္ပံသုတေသနဌာန (အင်းစိန်) တို့မှ ဆရာ ဆရာမ ကျောင်းသားကျောင်းသူများဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

ပထမအကြိမ် ယူနန်အပြည်ပြည်ဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုပြိုင်ပွဲကို ၂၀၂၂ ခုနှစ် သြဂုတ်လတွင် ကူမင်းမြို့၌ အွန်လိုင်း+အော့ဖ်လိုင်း ပေါင်းစပ်မှုပုံစံဖြင့် ကျင်းပခဲ့ပြီး စီးပွားရေးလုပ်ငန်းအုပ်စု၊ အဖွဲ့လိုက်အုပ်စု၊ ကနဦးတီထွင်ဖန်တီးမှုအုပ်စု၊ အစပျိုးအုပ်စု ဟူ၍ အုပ်စုလေးခု ခွဲခြားထားသည်။ ပဏာမပြိုင်ပွဲတွင် စီမံကိန်း ၃၄၈ ခု ပါဝင်ခဲ့ပြီး အုပ်စု ၁၀ ခုခွဲ၍ မိတ်ဆက်ပြသခဲ့ကာ စီမံကိန်း ၁၀၀ ခု ဖိုင်နယ်ပြိုင်ပွဲသို့ ဝင်ရောက်ခဲ့သည်။ ဖိုင်နယ်ပြိုင်ပွဲတွင် အုပ်စုတစ်ခုစီမှ ပထမဆု တစ်ဆု၊ ဒုတိယဆု နှစ်ဆု၊ တတိယဆု သုံးဆု အကဲဖြတ်ရွေးချယ်ခဲ့ကြောင်း သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။