Trending Now

ဗန်းမောက်မြို့တွင် အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံး

Spread the love

ဗန်းမောက်မြို့တွင် အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံး
EPN
ဗန်းမောက် သြဂုတ် ၅
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့ ပုဇွန်တောင်ရပ်ကွက်တွင် ယမန်နေ့ည ၉နာရီအချိန်ခန့်က အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာသြဂုတ်လ၄ရက်နေ့ည ၉နာရီအချိန်ခန့်က ပုဇွန်တောင်ရပ်ကွက်နေ ဦးကျော်ကျော်လင်း၏သားဖြစ်သူ အသက်(၂၁)နှစ်ရှိ မောင်ထက်လင်းဦးသည် အမြင့်၇ပေရှိ နေအိမ်အပေါ်ထပ် ထုပ်တန်တွင် အရှည်ငါးပေရှိသော နိုင်လွန်ကြိုးဖြင့်၎င်း၏လည်ပင်အား ကြိုးကွင်းစွပ်ကာ မိမိကိုယ်ကို သတ်သေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မနေ့ကည၉နာရီလောက်မှာဖြစ်နိုင်တယ်လို့တော့ပြောကြတာဘဲ၊မိသားစုအိပ်နေချိန်မှာဖြစ်သွားတာနေမှာပါ၊အိမ်အပေါ်ထပ်ကထုပ်တန်းမှာသူရဲ့လည်ပင်းကိုကြိုးခွင်စွပ်ပြီးတော့၊ခန္ဓာကိုယ်တန်းလန်းကြီးသေနေတာ၊ါ၊စိတ်ညစ်စရာ၊စိတ်ရုပ်စရာတွေရှိလို့၊ဒီလိုကြိုးဆွဲချသေလိုက်တာနေမှာပေါ့”ဟုမျက်မြင်သွားရောက်ကြည့်ရူ့သူတစ်ဦးကပြောသည်။
အဆိုပါကြိုးဆွဲချသေဆုံးမူနှင့်ပါတ်သက်၍တာဝန်ရှိသူရပ်ကွက်လူကြီးများက ဓမ္မာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
နာဂစ်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။