Trending Now

ရုရှားက ရိုမေးနီးယားနိုင်ငံကို ကျူးကျော်ဖွယ်ရှိတယ်လို့ အမေရိကန် ဗိုလ်ချုပ်ကြီးဟောင်း သတိပေး

Spread the love

ရုရှားက ရိုမေးနီးယားနိုင်ငံကို ကျူးကျော်ဖွယ်ရှိတယ်လို့ အမေရိကန် ဗိုလ်ချုပ်ကြီးဟောင်း သတိပေး

EPN
နိုင်ငံတကာ၊ ဇွန် ၁၈

ဥရောပတိုက်ကနေ အမေရိကန်တပ်ဖွဲ့တွေကို ရုတ်သိမ်းတာဟာ အန္တရာယ်များလွန်းကြောင်း၊ ဘာဖြစ်လို့ လဲဆိုတော့ ရုရှားနိုင်ငံက နေတိုးအဖွဲ့ရဲ့ ကာကွယ်ရေးစွမ်းရည်ကို စမ်းသပ်ခွင့်ပေးသလို ဖြစ်လာနိုင်တယ်လို့ ဥရော ပတိုက်ဆိုင်ရာ အမေရိကန်တပ်မှူးဟောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး ဘင်ဟော့ဒ်က ပြောပါတယ်။

“နေတိုးအဖွဲ့က စည်းလုံးမှုမရှိဘူးလို့ ရုရှားနိုင်ငံက ထင်သွားရင် နေတိုးအဖွဲ့က ရိုမေးနီးယား ဒါမှမဟုတ် ဘောလ်တစ်နိုင်ငံတွေကို ကျူးကျော်စစ်ပွဲတစ်ရပ် ဆင်နွှဲပြီး ဘယ်လိုတုံ့ပြန်မလဲဆို တာ မြင်တွေ့ဖို့ နျူကလီးယား လက်နက်တွေ အသုံးပြုဖို့ ခြိမ်းခြောက်ဖွယ်ရှိပါတယ်” လို့ ဗိုလ်ချုပ်ကြီးဟောင်း ဘင်ဟော့ဒ်က ဗြိတိန်သတင်းစာ The Times ကို ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျာမနီနိုင်ငံမှာ တပ်ဖြန့်ထားတဲ့ တပ်ဖွဲ့ဝင် ၃၄၅၀၀ ဦးထဲကနေ တပ်ဖွဲ့ဝင် ၉၅၀၀ ဦး ရုတ်သိမ်းဖို့ စီစဉ်နေတယ်လို့ သည်ဝေါစထရိဂျာနယ်က ပြီးခဲ့တဲ့အပတ်က ဖော်ပြခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဘင်ဟော့ဒ်က သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဥရောပတိုက်ကနေ တပ်ဖွဲ့ဝင်ရုတ်သိမ်းမဲ့ ရည်ရွယ်ချက်ကို ဝေဖန်ခဲ့ပြီး ဧရာမအမှားအယွင်းတစ်ခုလို့ ပြောလိုက်ပါတယ်။

“ကျွန်တော်တို့အားလုံး မဟာမိတ်တွေ လိုအပ်တဲ့အချိန်ပြောရမယ်ဆိုရင် အခုလိုမျိုး ကိုဗစ်-၁၉ ရောဂါ ကြောင့် စီးပွားရေးစိန်ခေါ်မှုတွေ ရင်ဆိုင်နေရတဲ့ အခုလိုအချိန်ပဲဖြစ်ပါတယ်” လို့ သူက The Times ကို ပြောပါ တယ်။

အငြိမ်းစား ဂျာမန်ဗိုလ်ချုပ်ကြီးနဲ့ ၂၀၁၈ ခုနှစ်အထိ နေတိုးအဖွဲ့ရဲ့ လက်ထောက် အတွင်းရေးမှူးချုပ်အ ဖြစ် တာဝန်ယူခဲ့တဲ့ ဟိန်းရစ်ဘရပ်စ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို “အလွန်အန္တရာယ်” များတယ်လို့ ပြောကြားခဲ့ပြီး ရုရှားသမ္မတ ပူတင်အတွက် လက်ဆောင်တစ်ခုလို့ ပြောလိုက်ပါတယ်။

ဒီလိုဆုံးဖြတ်ချက်က ဥရောပတိုက်ရဲ့ လုံခြုံရေးနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုအပေါ် ထပ်မံ မှီခိုလို့မရတော့ဘူးဆိုတဲ့ သံသယ ဥရောပတိုက်မှာ ဖြစ်ပေါ်စေပါတယ်လို့ သူက ပြောပါတယ်။

အမေရိကန်နိုင်ငံရဲ့ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံတစ်ခုဖြစ်တဲ့ ရိုမေးနီးယားနိုင်ငံဟာ ပင်လယ်နက် ဒေသမှာ ရုရှားနိုင်ငံရဲ့ ကျူးကျော်တိုက်ခိုက်မှု အန္တရာယ်ကနေ ခုခံကာကွယ်ဖို့ အမေရိကန်တပ်မတော်အပေါ် မှီခို နေရတဲ့ ဥရောပတိုင်းပြည်တစ်ခုလည်း ဖြစ်ပါတယ်။

ရိုမေးနီးယားနိုင်ငံ ကွန်စတန်ညာမြို့အနီးက မီးဟေးလ်ကိုဂယ်နီစီနူ စစ်ဘက်အခြေစိုက်စခန်းမှာ ရာ ပေါင်းများစွာသော အမေရိကန်တပ်ဖွဲ့ဝင်တွေ တပ်စွဲထားပါတယ်။

အဲဒီအပြင် မကြာသေးမီနှစ်တွေအတွင်း ရုရှားနိုင်ငံနဲ့ ဆက်ဆံရေးမှာ ပိုမို ဆိုးရွားလာစေခဲ့တဲ့ အမေရိကန် တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ ရိုမေးနီးယားနိုင်ငံက ဒီဗီဆီလူ စစ်ဘက်အခြေစိုက်စခန်းမှာ ဒုံးဖျက်လက် နက်တွေ ထားရှိပါတယ်။

တိုင်းပြည်ရဲ့ ကာကွယ်ရေးကောင်စီ (SCAT) က အတည်ပြုခဲ့ပြီး အတည်ပြုဖို့အတွက် လွှတ်တော်ကို ပေး ပို့ခဲ့တဲ့ ရိုမေးနီးယားနိုင်ငံရဲ့ အမျိုးသားကာကွယ်ရေး မဟာဗျူဟာက ရုရှားဖက်ဒရေးရှင်းနိုင်ငံရဲ့ ကျူးကျော်တိုက် ခိုက်လိုတဲ့ အပြုအမူနဲ့ ရုရှားနိုင်ငံက လုပ်ဆောင်ခဲ့တဲ့ ပင်လယ်နက်ဒေသ စစ်ဇုန်ပြုလုပ်ရေးနဲ့ပတ်သက်လို့ ပထမ ဆုံးအကြိမ် ဖော်ပြထားပါတယ်။

ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီ အမျိုးသားကာကွယ်ရေး မဟာဗျူဟာကို တုံ့ပြန်ခဲ့ပြီး ရိုမေးနီး ယားနိုင်ငံက ပင်လယ်နက်ဒေသမှာ နေတိုးအဖွဲ့နဲ့ အမေရိကန်တပ်ဖွဲ့တွေ တိုးမြှင့်ချထားဖို့ အဲဒီမဟာဗျူဟာကို အသုံးပြုဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

တည်ငြိမ်မှုရှိရေး ပံ့ပိုးတဲ့တိုင်းပြည်တစ်ခုဖြစ်ရေးထက် ဒေသတွင်းမှာ တင်းမာမှုတွေ မြင့်တက်လာအောင် နဲ့ ယုံကြည်မှုကင်းမဲ့လာအောင် လုပ်ဆောင်နေတယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရအမျိုး သမီး မာရီယာဇာဟာရိုဗာက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ဆွေးနွေးဖို့ ရိုမေးနီးယား နိုင်ငံခြားရေး ဝန်ကြီး ဘော့ဒန်အူရက်စ်ကူက ရိုမေးနီးယားနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး ဗယ်လာရီကုဇ်မင်းကို ဆင့်ခေါ်ခဲ့ပါ တယ်။

–ကိုးကား–
အင်ဆိုဒ်ဒါကွန်း
Former commander of U.S. Army in Europe warns Russia may invade Romania to test NATO


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။