Trending Now

ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများတွင် မြန်မာစာ၊ မြန်မာ့ပထဝီ၊ မြန်မာ့သမိုင်းဘာသာရပ်များကို မဖြစ်မနေ သင်ကြားရမည်

Spread the love

ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများတွင် မြန်မာစာ၊ မြန်မာ့ပထဝီ၊ မြန်မာ့သမိုင်းဘာသာရပ်များကို မဖြစ်မနေ သင်ကြားရမည်

EPN
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇ (၂၀၂၄)

ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများတွင် မြန်မာစာ၊ မြန်မာ့ပထဝီ၊ မြန်မာ့သမိုင်းဘာသာရပ်များကို မဖြစ်မနေသင်ကြားရမည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေမှ ယမန်နေ့ ဖေဖော်ဝါရီ ၁၆ ရက်၊ နံနက်ပိုင်းက တက္ကသိုလ် ပါမောက္ခချုပ်များ၊ တိုင်းနှင့် ပြည်နယ် ပညာရေးမှူးများ၊ ခရိုင် ပညာရေးမှူးများနှင့် တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများနှင့် International School များတွင် ပုဂ္ဂလိကပညာရေး ဥပဒေနှင့်အညီ မြန်မာစာ၊ မြန်မာ့ပထဝီ၊ မြန်မာ့သမိုင်း ဘာသာရပ်များကို မဖြစ်မနေ သင်ကြားကြရမည်ဖြစ်ပြီး၊ နေ့စဉ် နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်း သီဆိုခြင်းများ ပြုလုပ်ရမည်ဟု ပြောကြားခဲ့သည်။

၎င်းအပြင် ခရိုင်ပညာရေးမှူးများအနေဖြင့် မိမိတို့ခရိုင်အတွင်းရှိ ဆရာ၊ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူစာရင်းများ၊ သင်ကြားသင်ယူနေမှုနှင့် တည်ဆောက်ရေး လုပ်ငန်းများကို ထဲထဲဝင်ဝင် ကြီးကြပ်ဆောင်ရွက်ရမည်ဟု မှာကြားခဲ့သည်။

တက္ကသိုဘ်အသီးသီးရှိ ဆရာ၊ ဆရာမများ၏ ပညာရေး အရည်အသွေးမြှင့်တင်ရန် သင်တန်းများ ဖွင့်လှစ်ပို့ချ‌ပေးရမည်ဖြစ်ပြီး၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းဆောင်ရွက်ရမည်ဟုလည်း မှာကြားခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီး‌ ဒေါက်တာဇော်မြင့်က ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ မှတ်ပုံတင်‌ရေးဆိုင်ရာ၊ ပုဂ္ဂလိကကျောင်း မှတ်ပုံတင်ရေးနှင့် ပုဂ္ဂလိက ကျောင်းဆရာမှတ်ပုံတင်လက်မှတ် သင်တန်းဖွင့်လှစ်ရေး ဆွေးနွေးပြောကြားခဲ့ပြီး၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းကလည်း ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများဆိုင်ရာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် နွေရာသီတွင်အခြေခံစာတတ်မြောက်ရေး လုပ်ငန်း၌ ပူးပေါင်းပါဝင် ဆောင်ရွက်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။