Trending Now

စတုတ္ထအကြိမ်မြောက် ကိုဗစ်နိုင်တင်း အသိပညာပေးခြင်းနှင့် Maskများ ဖြန့်ဝေခြင်း ဆောင်ရွက်

Spread the love

စတုတ္ထအကြိမ်မြောက် ကိုဗစ်နိုင်တင်း အသိပညာပေးခြင်းနှင့် Maskများ ဖြန့်ဝေခြင်း ဆောင်ရွက်

EPN
အင်းတော်ကြီး၊ မေ ၈

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့တွင် စတုတ္ထအကြိမ်မြောက် အနေနှင့် COVID-19 ကပ်ရောဂါကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် Mask များ ဖြန့်ဝေခြင်း စသည့် လုပ်ငန်းများကို ယနေ့၊ မေလ ၇ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း နန့်မွန်းမြို့အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

အဆိုပါလုပ်ငန်းကို နန့်မွန်းမြို့၊ ကိုဗစ်နိုင်တင်းကာကွယ်ရေးကော်မတီနှင့် နန်းမွန်းမြို့အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးမှူးက ဦးဖရမ်စစ်ဆန်းအောင်က ပြောပြသည်။

“အလှူရှင်တွေ လှူဒါန်းထားတဲ့ Mask တွေကို လိုက်လံဝေငှရင်း Mask စနစ်တကျတပ်ဆင်နည်း၊ COVID-19 အသိပညာပေး ဗီနိုင်းပိုစတာတွေ စိုက်ထူတာတို့၊ အသိပညာပေးတာတို့ကို ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်” ဟု နန့်မွန်းမြို့အုပ်ချုပ်ရေးမှူးက ဆိုသည်။

ယခုကဲ့သို့ နန့်မွန်းမြို့နေပြည်သူများအနေနှင့် ကိုဗစ်နိုင်တင်းရောဂါပိုး ကူးစက်ခံရခြင်း မဖြစ်ပွားစေရန်အ တွက် မြို့အုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျှက်ရှိပြီး လိုက်နာခြင်း ရှိ၊ မရှိ အခြေအနေစောင့်ကြည့်ကာ လိုအပ်ပါက အရေးယူခြင်းများ ပြုလုပ်သွားမည်ဟု နန့်မွန်းမြို့အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

သတင်း/ဓါတ်ပုံ – ဆေးနောင်လုံ၊ နေကြာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။