Trending Now

ဖားကန့်မြို့နယ်တွင် ဆယ်အိမ်မှူးတစ်ဦး ရိုက်နက်ထားသည့်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိ

Spread the love

ဖားကန့်မြို့နယ်တွင် ဆယ်အိမ်မှူးတစ်ဦး ရိုက်နက်ထားသည့်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိ

EPN
မြစ်ကြီးနား ၊ ဇွန်လ ၃

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယမန်နေ့ ဇွန်လ ၂ ရက်နေ့က နတ်မှော်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့မှ ဆယ်အိမ်မှူးတစ်ဦး ရိုက်နက်သတ်ပုတ်ထားသည့် ဒဏ်ရာများဖြင့် သေဆုံးလျက်ရှိသည့်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူမှာ နက်မှော်ကျေးရွာ၏ ဆယ်အိမ်မှူးတစ်ဦးဖြစ်ပြီး ယမန်နေ့က ဆိုင်းတောင်ရွာဟောင်းနား လမ်းဘေးအနီး လက်ပြန်ကြိုးတုတ်၊ မျက်နာကို တိပ်များဖြင့် ပတ်ထားကာ ရိုက်နက်သတ်ဖြတ်ထားသည့် ဒဏ်ရာများဖြင့် သေဆုံးလျက်အလောင်းကိုတွေရှိခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

” ဆိုင်တောင်ရွာအတွက် ဆိုင်တောင်ရဲ့ရွာအောင်မှာတွေ့တာ၊ သေတဲ့သူက အုပ်ချုပ်ရေးအဖွဲ့ဝင် ဆယ်အိမ်မှူးလို့သိရတယ်၊ မသေမချင်း ရိုက်သတ်ထားသလိုမျိုးထင်ရတယ်၊ လက်ကိုလဲ နောက်ပြန်ကြိုးတုတ် မျက်နာလဲ တိပ်တွေနဲ့ ပတ်ထားတာကိုတွေ့ကတယ်၊ ဘယ်အဖွဲ့က လုပ်လဲဆိုတာတွေ့ မသိရဘူး၊ “ဟု ၎င်းကပြောသည်။

အဆိုပါ အလောင်းကို ဖားကန့်မြို့နယ်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့နယ် တွင်၂၀၂၁ ခုနှစ် နိုင်ငံတော်၏ အစိုးရအပြောင်းအလဲ နောက်ပိုင်းအလားတူ ဖမ်းဆီးသတ်ဖြတ်မူဖြစ်စဥ်များ မကြာခဏ ဖြစ်ပွားလာပြီး ဇွန်လ ၁ ရက်နေ့က မက်လင်ချောင်ကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် လူငယ်လေးဦး လက်ပြန်ကြိုးတုတ်ကာ ဦးခေါင်သေနတ်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေရှိခဲ့ရကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။