Trending Now

ယခုနှစ်အတွင်း မြန်မာပြည်သူ ထက်ဝက်ခန့် ဆင်းရဲနွမ်းပါးမည့် အခြေအနေနှင့်ကြုံတွေ့ရနိုင်ကြောင်း UNICEF ထုတ်ပြန်

Spread the love

ယခုနှစ်အတွင်း မြန်မာပြည်သူ ထက်ဝက်ခန့် ဆင်းရဲနွမ်းပါးမည့် အခြေအနေနှင့်ကြုံတွေ့ရနိုင်ကြောင်း UNICEF ထုတ်ပြန်

EPN

မြစ်ကြီးနား ၊ ဖေဖော်ဝါရီ ၁၅

ကိုဗစ် တတိယလှိုင်းအပြင် စီးပွားရေးနှင့်နိုင်ငံရေးအခြေအနေများကြောင့် ယခုနှစ်အတွင်း မြန်မာပြည်သူ ထက်ဝက်ခန့် ဆင်းရဲနွမ်းပါးမည့် အခြေအနေနှင့်ကြုံတွေ့ရနိုင်ကြောင်း UNICEF က ပြောဆိုထားသည်။

နိုင်ငံတွင်း ပဋိပက္ခများနှင့် အကြမ်းဖက်မှုများ အရှိန်မြင့်လာခြင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ၊ ရာသီဥတုနှင့် ဆက်စပ်သည့် ကပ်ဘေးအန္တရာယ်များ၊ ဆင်းရဲမွဲတေမှုမြင့်တက်လာခြင်း စသည့် စိန်ခေါ်မှုများစွာကြောင့် လက်ရှိမြန်မာနိုင်ငံတွင် လူဦးရေ ၅၄ သန်းရှိသည့်အနက် ကလေးသူငယ် ၅ သန်း အပါအဝင် ၁၅ သန်း ခန့်သော ပြည်သူများသည် လူသားချင်းစာနာထောက်ထားရေး အကူအညီများလိုအပ်လျှက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် တိုက်ပွဲများနှင့် မလုံခြုံမှုများကြောင့် အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် လူပေါင်း (၆၆၀၉၀၀) ခြောက်သိန်းခွဲ ကျော်သည် အိုးအိမ်နေရပ်မှစွန့်ခွာထွက်ပြေးနေကြရပြီး ယင်းအနက် သုံးသိန်းကျော် (၃၂၀,၉၀၀) မှာ ယခင်နှစ ်ဖေဖော်ဝါရီလ နောက်ပိုင်းမှ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရသူ များဖြစ်သည်ဟုဆိုသည်။

အဆိုပါ ထပ်တိုးလာသော အိုးအိမ်စွန့်ခွာသူ သုံးသိန်းကျော်သည် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ဖြစ်ကြောင်း ပြောဆိုထားသည်။

ယင်းအပြင် ပဋိပက္ခများမှာ ယခင်ဖြစ်ပွားခြင်းမရှိခဲ့သော နေရာများသို့ပါ ပျံ့နှံ့လာသည့်အတွက် ပြည်နယ်နှင့်တိုင်း ၁၅ ခုအနက် ၁၄ ခုခန့်မှာ မြေမြှုပ်မိုင်းများ၊ ပေါက်ကွဲနိုင်သော စစ်လက်ကျန်ပစ္စည်း ကိရိယာများ၏ အန္တရာယ်များနှင့် ကြုံနေကြရကြောင်း UNICEF အဖွဲ့အစည်းက ပြောဆိုထားသည်။


ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။