Trending Now

တူရကီနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ ဦးရေ ၁၅,၀၀၀ ကျော် မြင့်တက်လာ

Spread the love

တူရကီနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ ဦးရေ ၁၅,၀၀၀ ကျော် မြင့်တက်လာ

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၉

တူရကီ နဲ့ ဆီးရီးယားမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူဦးရေ ၁၅,၈၂၃ ဦး အထိ မြင့်တက်လာခဲ့ပြီး ကယ်ဆယ်ရေးသမားတွေဟာလည်း အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကို ကယ်တင်ဖို့ ပြေးလွားနေရပါတယ်။

တနင်္လာနေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၈ အဆင့်ရှိ ငလျင်ကြောင့် တူရကီနိုင်ငံမှာ လူ ၁၂၈၇၃ ဦး သေဆုံးခဲ့ပြီး ဆီးရီးယားမှာ ၂၉၅၀ ဦး သေဆုံးခဲ့ကြောင်း နှစ်နိုင်ငံတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

အေးခဲနေတဲ့ ရာသီဥတုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ အဟန့်အတားဖြစ်နေပြီး အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ မျှော်လင့်ချက်မရှိသလောက် ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

တူရကီသမ္မတ Recep Tayyip Erdogan က တူရကီတောင်းပိုင်းရှိ အဆိုးရွားဆုံး ထိခိုက်ခံစားခဲ့ရတဲ့ ဒေသကို သွားရောက်စဉ်အတွင်း အစိုးရရဲ့ တုံ့ပြန်မှု အားနည်းချက်ကို ဖွင့်ဟဝန်ခံခဲ့ပါတယ်။

Aljazeera/Ref; Turkey-Syria earthquake Death toll tops 15,000

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။