Trending Now

မှားယွင်းငွေလွှဲလို့ ရခဲ့တဲ့ ယန်း ၄၆.၃ သန်းကို သုံးပစ်လိုက်ပြီလို့ ပြောတဲ့ အမျိုးသားကို ဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီး

Spread the love

မှားယွင်းငွေလွှဲလို့ ရခဲ့တဲ့ ယန်း ၄၆.၃ သန်းကို သုံးပစ်လိုက်ပြီလို့ ပြောတဲ့ အမျိုးသားကို ဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီး

EPN
နိုင်ငံတကာ၊ မေ ၂၀

မြို့အုပ်ချုပ်ရေးရုံးက မှားယွင်းပြီး ငွေလွှဲခဲ့တဲ့ ယန်း ၄၆.၃ သန်း လောက်ကို ပြန်ပေးဖို့ငြင်းဆန်ခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသားကို ဂျပန်နိုင်ငံအနောက်ပိုင်းမှာရှိတဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ယာမာ့ဂူချီ ခရိုင် ရဲတပ်ဖွဲ့ဟာ တာဂုချီရို လို့ အမည်ရတဲ့ အဲဒီအမျိုးသားကို လိမ်လည်မှုသံသယနဲ့ ဗုဒ္ဓဟူးနေ့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

Abu မြို့အုပ်ချုပ်ရေးရုံးအရာရှိတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ငွေကြေးအခက်အခဲဖြစ်နေတဲ့ မိသားစုတွေအတွက် အစိုးရက ထောက်ပံ့ပေးတဲ့ငွေတွေကို ပြီးခဲ့တဲ့လက အဲဒီလူရဲ့ ဘဏ်ငွေစာရင်းထဲ မတော်တဆ မှားယွင်း လွှဲပေးခဲ့တာဖြစ်ပါတယ်။

မြို့အုပ်ချုပ်ရေးအဖွဲ့က တစ်အိမ်ထောင်ကို ဒေါ်လာ ၇၈၀ နှုန်းနဲ့ အိမ်ထောင်စု ၄၆၃ ခုအတွက် ထောက်ပံ့ပေးဖို့ ပြင်ဆင်ထားတဲ့ငွေတွေဖြစ်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၆၀,၀၀၀ ခန့်ကို သူကပြန်ပေးဖို့ငြင်းဆန်ခဲ့တာပါ။

တာဂုချီရဲ့ ရှေ့နေကလည်း သူ့ရဲ့အမှုသည်ဟာ အွန်လိုင်းကနေကစားတဲ့ ကာစီနို လောင်းကစားဝိုင်းမှာ အဲဒီငွေတွေ အားလုံး သုံးလိုက်ပြီလို့ အင်္ဂါနေ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒါ့ကြောင့် ဂျပန်အဏာပိုင်တွေက တာဂုချီအသုံးပြုလိုက်တဲ့ငွေတွေကို ခြေရာခံဖို့ စုံစမ်းနေပြီး မြို့တော်ဝန်ကတော့ ငွေတွေကို ပြန်လည်ရရှိနိုင်မယ်လို့ မျှော်လင့်ကြောင်းပြောပါတယ်။

Source – NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။