Trending Now

ကျပ်သိန်းတစ်ရာ အကုန်ကျခံ ပြုလုပ်‌သည့် ချီဖွေမြို့ဝင်ဆိုင်းဘုတ်သစ် ပြီးစီး

Spread the love

ကျပ်သိန်းတစ်ရာ အကုန်ကျခံ ပြုလုပ်‌သည့် ချီဖွေမြို့ဝင်ဆိုင်းဘုတ်သစ် ပြီးစီး

EPN
ချီဖွေ၊ မတ် ၂ (၂၀၂၄)

ကချင်ပြည်နယ်၊ ချိဖွေခရိုင်၊ ချီဖွေမြို့တွင် ကျပ်သိန်းတစ်ရာ အကုန်ကျခံ တည်ဆောက်ခဲ့သည့် မြို့အဝင်ဆိုင်းဘုတ် ပြီးစီးမှု အခြေအနေအား တာဝန်ရှိ အဖွဲ့အစည်းများက ယနေ့ မနက်ပိုင်းအချိန်က ကြည့်ရှူ့စစ်ဆေးခဲ့ကြောင်း သိရသည်။

ချီဖွေမြို့အဝင်ဆိုင်းဘုတ်အား လော်ဝေါ်ယာဉ်ကျေးမှုအဖွဲ့၊ လာချိဒ်ယာဉ်ကျေးမှု အဖွဲ့နှင့် ချီဖွေငယ် ရေအားလျှပ်စစ်
စီမံကိန်း SPIC ကုမ္ပဏီတို့၏ အလှူငွေဖြင့် ပြုလုပ်ခဲ့ရာ ပြီးစီးမှု အခြေအနေများကို ယနေ့လိုက်လံ စစ်ဆေးခဲ့ကြောင်း ချီဖွေမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

” ချီဖွေမြို့အဝင် ဆိုင်းဘုတ်အသစ်ပြုလုပ်နေမှု ပြီးစီးမှုအခြေအနေကို တာဝန်ရှိသူတွေနဲ့ လိုက်လံစစ်ဆေးခဲ့တာလည်း ဖြစ်တယ်။ မြို့အဝင်ဆိုင်းဘုတ် သစ် ပြုလုပ်တာ စုစုပေါင်းကုန်ကျငွေ ကျပ်သိန်းတစ်ရာ အကုန်ကျခံပြုလုပ်ခဲ့တာ ဖြစ်တယ် ” ဟု ၎င်းကရှင်းပြသည်။

အဆိုပါ မြို့ဝင်ဆိုင်းဘုတ်သစ် ပြုလုပ်ရာတွင် ချီဖွေငယ် ရေအားလျှပ်စစ် စီမံကိန်း SPIC ကုမ္ပဏီမှ CSR ရန်ပုံငွေ သိန်း (၈၀)၊ လော်ဝေါ်ယဉ်ကျေးမှုအဖွဲ့က (၁၀)သိန်း၊ လာချိဒ်ယဉ်ကျေးမှုအဖွဲ့က (၁၀)သိန်း ကျပ် စုစုပေါင်း ကျပ်သိန်း (၁၀၀) အကုန်အကျခံ ပြုလုပ်ခဲ့ပြီး၊ မြို့အဝင်ဆိုင်းဘုတ်သစ်အား ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယင်း မြို့အဝင်ဆိုင်းဘုတ်သစ် ပြုလုပ်ရာတွင် ရိုးရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပြီး၊ ၎င်းတို့၏ ရိုးရာစာသားများ ထည့်သွင်းဖော်ပြခြင်းကို စိစစ်အတည်ပြု၍ ညှိနှိုင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။