Trending Now

အမေရိကန်မောင်းသူမဲ့ရေယာဉ်တစ်စီးကို အီရန်ရေတပ်က သိမ်းဆည်းခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့

Spread the love

အမေရိကန်မောင်းသူမဲ့ရေယာဉ်တစ်စီးကို အီရန်ရေတပ်က သိမ်းဆည်းခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့
EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁
အီရန်စစ်သင်္ဘောတစ်စီးဟာ အမေရိကန်မောင်းသူမဲ့သုတေသနရေယာဉ်တစ်စီးကို ပင်လယ်ကွေ့ထဲမှာ သိမ်း ဆည်းရမိခဲ့ပေမဲ့ အမေရိကန်ကင်းလှည့်ရေယာဉ်တစ်စီးနဲ့ ရဟတ်ယာဉ်တစ်စင်း အဲဒီနေရာကို တပ်ဖြန့်ချလာ တာတွေ့လိုက်ရပြီးတဲ့နောက်မှာ ပြန်လွှတ်ပေးခဲ့လိုက်တယ်လို ပင်တဂွန်စစ်ဌာနချုပ်က သြဂုတ်လ ၃၀ ရက်နေ့ က ပြောကြားလိုက်ပါတယ်။
အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ၊ ရေတပ်က ရှာဟစ်ဘာဇီယာဆိုတဲ့ သင်္ဘောဟာ အမေရိကန် ရေတပ်က ၇ မီတာအရှည်ရှိတဲ့ မောင်းသူမဲ့ရေယာဉ်တစ်စီးကို ဆွဲယူသွားတာကို သြဂုတ်လ ၂၉ ရက်နေ့ နှောင်းပိုင်းမှာ ခြေရာခံမိခဲ့တယ်လို အမေရိကန် ဗဟိုစစ်ဌာနချုပ် အမှတ် ၅ ရေတပ်က ပြောပါတယ်။
အမေရိကန်မောင်းသူမဲ့ရေယာဉ်မှာ ဆင်ဆာကိရိယာတွေ၊ ရေဒါတွေနဲ့ ကင်မရာတွေ တပ်ဆင်ထားပြီး နိုင်ငံတ ကာရေပြင်မှာ ရေလမ်းကြောင်းနဲ့ တခြား မရေရာတဲ့သတင်းအချက်အလက်တွေကို ရှာဖွေစုဆောင်းနေတာဖြစ် တယ်လို အမှတ် ၅ ရေတပ်က ပြောပါတယ်။
အီရန်သင်္ဘောက အမေရိကန်မောင်းသူမဲ့ရေယာဉ်ကို ဆွဲယူသွားတာကို ခြေရာခံမိလိုက်တဲ့အချိန်မှာ အမေရိ ကန်ရေတပ်က USS Thunderbolt ကမ်းရိုးတန်းကင်းလှည့်ရေယာဉ်ကို အဲဒီနေရာ တစ်ဝိုက်ကို စေလွှတ်ခဲ့ တယ်လို ဆိုပါတယ်။
ဒါ့အပြင် ဘာရိန်းမှာ တပ်စွဲထားတဲ့ MH-60S Sea Hawk ရဟတ်ယာဉ်တစ်စင်းကိုလည်း အဲဒီနေရာကို လွှတ် လိုက်တယ်လို သိရပါတယ်။
အဲဒီလို ရေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ စေလွှတ်လိုက်တဲ့အတွက် နောက်ထပ်လေးနာရီအကြာမှာ အီရန်စစ် သင်္ဘောဟာ ၎င်းတိုဆွဲယူလာတဲ့ အမေရိကန်မောင်းသူမဲ့ရေယာဉ်ကို ဖြုတ်ချထားခဲ့ပြီး အဲဒီနေရာကနေ ထွက် ခွာသွားခဲ့တယ်လို အမှတ် ၅ ရေတပ်က ပြောပါတယ်။
အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲရဲ့လုပ်ရပ်ဟာ တုန်လှုပ်ဖွယ်ရာကောင်းပြီး မလိုလားအပ်တဲ့လုပ် ရပ်ဖြစ်တဲ့အပြင် သိက္ခာရှိတဲ့ပင်လယ်ပြင်တပ်ဖွဲဝင်တွေရဲ့ အပြုအမူနဲ့လည်း မညီညွတ်ဘူးလို အမေရိကန် ရေ တပ် ဗဟိုဌာနချုပ်ရဲ့ အကြီးအကဲဖြစ်သူ ဒုတိယရေတပ်ဗိုလ်ချုပ်ကြီး ဘရက်ဒ်ကော့ပါးက ပြောပါတယ်။
“အမေရိကန်ရေတပ်အုပ်စုတွေဟာ အန္တရာယ်ကို အမြဲသတိရှိရှိစောင့်ကြည့်နေဆဲဖြစ်ြ့ပီး ဒေသတွင်းမှာ နိုင်ငံတ ကာဥပဒေတွေကခွင့်ပြုထားတဲ့ ဘယ်နေရာတွေကိုမဆို လေကြောင်း၊ ရေကြောင်းကနေ ဆက်လက်သွားလာ နေမှာပဲဖြစ်ပါတယ်။” လို ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
Ref: Iran Seizes, Then Releases US Navy Drone Vessel: Pentagon

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။