Trending Now

ယူကရိန်း နေတိုးအဖွဲ့ထဲကို ဝင်ခွင့်ရဖို့ စစ်ပွဲအနိုင်ရရှိဖို့ လိုအပ်တယ်လို့ဆို

Spread the love

ယူကရိန်း နေတိုးအဖွဲ့ထဲကို ဝင်ခွင့်ရဖို့ စစ်ပွဲအနိုင်ရရှိဖို့ လိုအပ်တယ်လို့ဆို

EPN
နိုင်ငံတကာ၊ ဇူလိုင် ၁၂

ယူကရိန်းအနေနဲ့ နေတိုးအဖွဲ့ထဲကို ဝင်ရောက်နိုင်ဖို့အတွက် လက်ရှိ ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အရင်နိုင်အောင်တိုက်ဖို့ လိုအပ်တယ်လို့ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် ဂျန်းစ်စတိုတန်ဘတ်ဂ် ပြောကြားလိုက်ပါတယ်။

အဖွဲ့ဝင်တွေ သဘောတူညီပြီး အခြေအနေ ပြည့်မီတဲ့အခါ နေတိုးမဟာမိတ်အဖွဲ့ထဲကို ဖိတ်ခေါ်မှု သက်တမ်းတိုးသွားမယ်လို့ အတွင်းရေးမှူးချုပ်က အင်္ဂါနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“အခုလက်ရှိအချိန်မှာ အရေးအကြီးဆုံးကတော့ ယူကရိန်းအနေနဲ့ အခုဖြစ်ပွားနေတဲ့ စစ်ပွဲကိုနိုင်အောင်တိုက်ပြီး ရုရှားကိုတွန်းလှန်နိုင်တယ်ဆိုတာကို ပြသဖို့အရေးအကြီးဆုံးပါပဲ” လို့ ဂျန်းစ်စတိုတန်ဘတ်ဂ် ပြောကြားခဲ့ပါတယ်။

နေတိုးအတွင်းရေးမှူးချုပ်ရဲ့ မှတ်ချက်ဟာ လစ်သူယေးနီးယားနိုင်ငံ၊ Vilnius မှာ အင်္ဂနေ့ ပြုလုပ်ခဲ့တဲ့ ထိပ်သီးအစည်းအဝေးက နေတိုးခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ကို ထင်ဟပ်စေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

နေတိုးအဖွဲ့မှာ ယူကရိန်းပါဝင်ဖို့ နေရာရှိနေကြောင်းကို အဖွဲ့ဝင်နိုင်ငံတွေက ရှင်းရှင်းလင်းလင်း ဖော်ပြထားကြောင်းနဲ့ စစ်ပွဲဖြစ်ပွားနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်နေလို့သာ ဝင်ခွင့်မရရှိသေးတာလို့ ဂျာမနီ ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ်စ်တိုးရပ်စ် က ပြောပါတယ်။

“ဒါကိုရှင်းရှင်းလင်းလင်း ပြောရရင် နေတိုးနိုင်ငံတွေက တစ်နိုင်ငံ စစ်ဖြစ်တာနဲ့ အဖွဲ့ဝင်နိုင်ငံတွေက စုပေါင်းကာကွယ်ရမယ်လို့ ကတိရှိပါတယ်။ လက်ရှိအချိန်မှာ ယူကရိန်းကို ဝင်ခွင့်ပြုလိုက်ရင် ရုရှားနဲ့ နေတိုးကို တိုက်ရိုက် ပဋိပက္ခဖြစ်စေနိုင်ပါတယ်။” လို့ ဘောရစ် ပစ်စ်တိုးရပ်စ် က ပြောပါတယ်။

Ref; reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။