Trending Now

ကောလင်းမြို့နယ် တရားရုံး ဗုံးပေါက်ကွဲလို့ တရားသူကြီးသေဆုံး ၊ ၃ ဦး ဒဏ်ရာရ

Spread the love

ကောလင်းမြို့နယ် တရားရုံး ဗုံးပေါက်ကွဲလို့ တရားသူကြီးသေဆုံး ၊ ၃ ဦး ဒဏ်ရာရ

EPN
ကောလင်း ၊ နိုဝင်ဘာ ၁၂

စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ကောလင်းမြို့ ၊ကျော်ဇေယျ အမှတ် ၁ ရပ်ကွက်မှာရှိတဲ့ မြို့နယ်တရားရုံးမှာ မနေ့ နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းက ဗုံးပေါက်ကွဲပြီး လူ သေဆုံး ၊ ဒဏ်ရာရတာတွေဖြစ်ခဲ့တယ်လို့ ကောလင်းမြို့ခံတွေဆီက သိရပါတယ်။

” တရားရုံး ဝင် / ထွက်ပေါက်နားမှာ ခြင်းကြီးတစ်လုံးလာချထားတယ် ၊ အဲ့ဒီ ခြင်းကိုရှင်းလင်းဖို့ သက်ဆိုင်ရာကို အကြောင်းကြားထားတဲ့အချိန်မှာ ပေါက်ကွဲသွားတာဖြစ်တယ် ၊ တွဲဘက်မြို့နယ် တရားသူကြီး ဦးဘရန်ဆိုင်း ၃၃ နှစ်က နေရာမှာတင် မိုင်းစထိမှန် သေဆုံးတယ် ၊ အဲ့ဒီအပြင် ဂွေးတောက်တောကျေးရွာနေ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကျော်လွင်စိုး (၃၃) နှစ်၊ မောင်စိုင်းအံ့ဖြိုးကျော် (၁၉) နှစ်နှင့် ဦးအောင်နိုင်မင်း (၄၄) နှစ်ဟာ မိုင်းစထိမှန်ဒဏ်ရာရခဲ့တယ် ” လို့ ကောလင်းမြို့ခံ တရားရေး အသိုင်းအဝိုင်းက ပြောပါတယ်။

အဲ့ဒီ ပေါက်ကွဲမှုဖြစ်စဥ်ဟာ အဝေးထိန်း ရီမုမိုင်းအမျိုးအစားဖြစ်ပြီး ပြစ်မှာကျူးလွန်သူတွေကို အမှုဖွင့်အရေးယူသွားမှာဖြစ်တယ်လို့ ကောလင်းမြို့နယ်ရဲတပ်ဖွဲ့ရုံးဆီက သိရပါတယ်။

ကောလင်းမြို့က ဌာနဆိုင်ရာ အဆောက်ဦးတွေဟာ လက်လုပ်ဗုံးနဲ့ ထုခံရတာ ၊ လက်နက်ငယ်နဲ့ ပစ်ခံရတာတွေ မကြာခဏ ဖြစ်ပွားခဲ့ပေမယ့် လူတွေ သေဆုံး ဒဏ်ရာရအောင် ပေါက်ကွဲတာဟာ အခုဖြစ်စဥ်ဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

သွန်းသွန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။