Trending Now

က်န္းမာေရးအေျခအေနေၾကာင့္ ပင္းေဘာစာစစ္ဌာနမွ ေက်ာင္းသူတစ္ဦး ေဆး႐ံုး၌ ေျဖဆို

Spread the love

က်န္းမာေရးအေျခအေနေၾကာင့္ ပင္းေဘာစာစစ္ဌာနမွ ေက်ာင္းသူတစ္ဦး ေဆး႐ံုး၌ ေျဖဆို
EPN
မိုးေကာင္း၊ မတ္ ၁၃

မိုးေကာင္းၿမိဳ႕နယ္၌ ၂၀၁၈-၁၉ ပညာသင္ႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ အတြဲ (၇)ဇီဝေဗဒႏွင့္ အတြဲ (၁+၂) ေဘာဂေဗဒဘာသာ တို႕ ေျဖဆိုလွ်က္ရွိရာတြင္ ေဘာဂေဗဒဘာသာေျဖဆိုသူ ေက်ာင္းသူတစ္ဦး က်န္းမာေရး အေျခအေနေၾကာင့္ ေဆးရံုတြင္ ေျဖဆိုခဲ့ေၾကာင္းသိရသည္။


ကခ်င္ျပည္နယ္၊ မိုးေကာင္းၿမိဳ႕တြင္ ၂၀၁၈-၁၉ ပညာသင္ႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို စာစစ္ဌာန (၇)ခုခြဲ၍ေျဖဆိုၾကရာ အ.ထ.က(ပင္း ေဘာ)စာစစ္ဌာနတြင္ ေတာင္နီေက်း႐ြာမွ အျပင္ေျဖေက်ာင္းသူ ကခဘ.၄၁၅ မခင္မ်ိဳးထက္သည္ အတြဲ (၁)ေဘာဂေဗဒဘာသာတြဲကို က်န္းမာေရး အေျခအေနေၾကာင့္ ပင္းေဘာတိုက္နယ္ေဆးရံု၌ ေျဖဆိုခဲ့သည္။

“မနက္အေပါ့သြားရင္း မူးလဲသြားလို ႔ေဆး႐ုံတက္ ေျဖဆိုခြင့္ရရွိရန္ ေဆာင္႐ြက္ထားရွိပါတယ္။ ကိုယ္တိုင္ေျဖဆိုတာျဖစ္ၿပီး ေရာဂါအေျခအေနသိရေအာင္ ေဆးလက္မွတ္ေတာင္းထားဆဲျဖစ္ပါတယ္” ဟု (ပင္းေဘာ)စာစစ္ဌာနႀကီးၾကပ္ေရးမွဴး ဦးလွေသာင္းက ေျပာျပသည္။

ကခ်င္ျပည္နယ္၊ မိုးေကာင္းၿမိဳ႕နယ္ (ပင္းေဘာ) စာစစ္ဌာနတြင္ တကၠသိုလ္ဝင္စာေမးပြဲကို ေက်ာင္းသား/သူ( ၅၂၀)ဦး ေျဖဆိုေနေၾကာင္း သိရသည္။
ခ်ိဳေမာင္
————————————–
ကျန်းမာရေးအခြေအနေကြောင့် ပင်းဘောစာစစ်ဌာနမှ ကျောင်းသူတစ်ဦး ဆေးရုံး၌ ဖြေဆို

EPN
မိုးကောင်း၊ မတ် ၁၃

မိုးကောင်းမြို့နယ်၌ ၂၀၁၈-၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အတွဲ (၇)ဇီဝဗေဒနှင့် အတွဲ (၁+၂) ဘောဂဗေဒဘာသာ တို့ ဖြေဆိုလျှက်ရှိရာတွင် ဘောဂဗေဒဘာသာဖြေဆိုသူ ကျောင်းသူတစ်ဦး ကျန်းမာရေး အခြေအနေကြောင့် ဆေးရုံတွင် ဖြေဆိုခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် ၂၀၁၈-၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၇)ခုခွဲ၍ဖြေဆိုကြရာ အ.ထ.က(ပင်း ဘော)စာစစ်ဌာနတွင် တောင်နီကျေးရွာမှ အပြင်ဖြေကျောင်းသူ ကခဘ.၄၁၅ မခင်မျိုးထက်သည် အတွဲ (၁)ဘောဂဗေဒဘာသာတွဲကို ကျန်းမာရေး အခြေအနေကြောင့် ပင်းဘောတိုက်နယ်ဆေးရုံ၌ ဖြေဆိုခဲ့သည်။

“မနက်အပေါ့သွားရင်း မူးလဲသွားလို့ဆေးရုံတက် ဖြေဆိုခွင့်ရရှိရန် ဆောင်ရွက်ထားရှိပါတယ်။ ကိုယ်တိုင်ဖြေဆိုတာဖြစ်ပြီး ရောဂါအခြေအနေသိရအောင် ဆေးလက်မှတ်တောင်းထားဆဲဖြစ်ပါတယ်” ဟု (ပင်းဘော)စာစစ်ဌာနကြီးကြပ်ရေးမှူး ဦးလှသောင်းက ပြောပြသည်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် (ပင်းဘော) စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူ( ၅၂၀)ဦး ဖြေဆိုနေကြောင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။