Trending Now

အများပြည်သူ စိုးရိမ်ထိတ်လန့်မှု မဖြစ်စေရေး တာဝန်ရှိသူများမှ ဟန့်တားထိန်းသိမ်းပေးစေလို

Spread the love

အများပြည်သူ စိုးရိမ်ထိတ်လန့်မှု မဖြစ်စေရေး တာဝန်ရှိသူများမှ ဟန့်တားထိန်းသိမ်းပေးစေလို

EPN Public Voice
ဝိုင်းမော်၊ ဇွန် ၆

မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ဝိုင်းမော်မြို့နယ်၊ ရပ်ကွက်(၂) ဝိုင်းမော်-ကန်ပိုင်တီ/ချီဖွေသွား လမ်းမဘေးရှိ တည်းခိုခန်းနှင့် KTV ဆိုင်တစ်ဆိုင် သည် နေ့စဉ်၊ ညစဉ် လူစုလူဝေး ဖြစ်ပေါ်နေသဖြင့် တာဝန်ရှိသူများမှ ဟန့်တား ထိန်းသိမ်းပေးစေလိုကြောင်း အနီးပတ်ဝန်းကျင်နေထိုင်သူများက လိုလားနေကြသည်။

ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ရေးကာလအဖြစ် နိုင်ငံတော် အစိုးရက၊ ပြည်နယ်အစိုးရ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်တို့မှ လူစုလူဝေး မပြုလုပ်ရန် ထုတ်ပြန်ချက်၊ ဒေသန္တရအမိန့် စသည့် တို့ အသီးသီး ထုတ်ပြန်ထားသော်လည်း အဆိုပါ ဆိုင်မှာ ပိတ်ထားခြင်းမရှိဘဲ နေစဉ်၊ ညစဉ် နိုင်ငံခြားသားများ ဝင်/ထွက်သွားလာနေခြင်း၊ ညအချိန်တွင်လည်း လူအများ ကား/ဆိုင်ကယ်များ ဖြင့် ဝင်/ထွက်သွားလာနေကြောင်း အနီးပတ်ဝန်းကျင် နေထိုင်သူ အမျိုးသားတစ်ဦးက EPN သို့ ပြောပြသည်။

“နေ့တိုင်း၊ ညတိုင်းမှာ လူဝင်လူထွက် အရမ်းများနေတော့ စိုးရိမ်တာပေါ့လေ၊ အခုချိန်က ကိုဗစ်ကာလ အချိန်လဲဖြစ်တယ်၊ မြို့နယ်က ထုတ်ပြန်ထားတဲ့ အမိန့်တွေကို မလိုက်နာဘူးလေ၊ ကိုယ်ကျိုးစီးပွားကိုသာ ကြည့်ပြီး ဥပဒေကို မျက်ကွယ်ပြုတဲ့ လုပ်ရပ်တစ်ခုပါ” ဟု ၎င်းက ဆိုသည်။

ထို့အပြင် အဆိုပါ အနီးဝန်းကျင် နေထိုင်သူ အမျိုးသမီးတစ်ဦးကလည်း “သူတစ်ပါးအကျိုးစီးပွားကို နောက်ယှက်တာ တော့ မဟုတ်ဘူးရှင့်၊ အခုဟာက တော်တော်လွန်နေပြီ၊ နေစဉ်၊ ညတိုင်း ဆိုတော့ သည်းမခံနိုင်တော့ဘူး၊ ဒါကို ဝိုင်းမော်မြို့နယ်က တာဝန်ရှိသူများအနေနဲ့လည်း မသိတာမျိုးတော့ မဟုတ်ဘူး၊ ဒီအတိုင်းလွတ်ထား တာတော့ မကောင်းဘူးပေါ့ရှင်” ဟု ပြောပြသည်။

လက်ရှိကာလတွင် ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ရေး ကာလလည်း ဖြစ်သည့် အလျောက် အများပြည်သူ၏ စိုးရိမ်ထိတ်လန့်မှုများကို ပြေပျောက်စေရန်အတွက် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တာဝန်ရှိသူများအနေနှင့် ဟန့်တားထိန်းသိမ်းပေးနိုင်ရေး ယင်း KTV ဆိုင် ပတ်ဝန်းကျင်နေထိုင်ကြသည့် ပြည်သူများအနေနှင့် လိုလားနေကြသည်။

ဝိုင်းမော် ရပ်ကွက်(၂)နေ ပြည်သူများ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။