Trending Now

ဧရာဝတီတိုင်းတွင် အသက် ၆၀ ကျော် အရွယ် အဖွားအိုတစ်ဦး အလိုမတူပဲ သားမယားပြုကျင့်ခံရ

Spread the love

ဧရာဝတီတိုင်းတွင် အသက် ၆၀ ကျော် အရွယ် အဖွားအိုတစ်ဦး အလိုမတူပဲ သားမယားပြုကျင့်ခံရ
EPN
သာပေါင်း၊ စက်တင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်တွင် အသက် ၆၁ နှစ်အရွယ် ရှိ အဖွားအိုတစ်ဦးအား တစ်ရွာတည်းအမျိုးသားတစ်ဦးမှ အလိုမတူပဲ သားမယားပြုကျင့်ခံရသည့် ဖြစ်စဉ်တစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ပျဉ်းမထုံးကျေးရွာနေ အသက် ၆၁ အရွယ် အဖွားအိုမှ တစ်ဦးတည် လမ်းလျှောက်လာစဉ် တစ်ရွာထဲနေ ဦးကိုခိုင်မှ ၎င်း၏ ခြံဝန်းအနီးအရောက်တွင် အဖွားအိုအား လက်ယက်ခေါ်ဆောင်ပြီးနောက် မန်ဂျန်ရှားအပင်အောက်သို့ တွန်းလှဲကာ အဖွားအို၏ပါးစပ်အားပိတ်ပြီး “မအော်နဲ့ အော်ရင် သတ်ပစ်မယ်” လို့ပြောဆိုကာ သားမယားအဖြစ် ပြုကျင့်ခဲ့ခြင်းဖြစ်သည်။
”စစ်ဆေးချက် အရတော့ သားမယားအဖြစ် ပြုကျင့်ခံရတဲ့ အဖွားအိုက သတိလွှတ်ယောင်တတ်တဲ့ အကျင့်ရှိတယ်လို့ သိရတယ်၊ ဒါကို တစ်ဖက်ကအခွင့်ကောင်းယူတာပါ၊ သားမယား ပြုကျင့်ခံရတော့မှ အဖွားက ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းတယ်လို့သိရတယ် တစ်ခြံနဲ့တစ်ခြံက နည်းနည်းလှမ်းနေတော့ ဘယ်သူမှ မသိလိုက်ဘူး အိမ်ပြန်ရောက်တဲ့အခါမှ ချွေးမကို ပြန်ပြောပြတဲ့အတွက် ချွေးမက ရဲစခန်းကို လာတိုင်တာဖြစ်တယ်”ဟု ရဲစခန်းမှ တာဝန် ရှိသူတစ်ဦးကပြောဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အလိုမတူပဲ သားမယားအဖြစ် ပြုကျင့်သူ အသက် (၆၀) အရွယ် ဦးကိုခိုင် အား သာပေါင်းမြို့မ ရဲစခန်းမှ (ပ)၅၈/ ၂၀၂၂ ၊ ရာဇသတ်ကြီး ပုဒ်မ -၃၇၆ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။